ဒီတလော တောင်ငူကျောင်းနဲ့ ကျောင်းတက်ခဲ့ရတဲ့နေ့တွေကို တော်တော်သတိရနေတယ်...
မိုးတွင်းမှာ အသွားအလာ ခက်နေခဲ့တာတွေရော...
ဆောင်းတွင်းမှာ ကျောင်းကို လမ်းလျှောက်သွားတာရော...
ကျောင်း Canteen ရှိစုမဲ့စုလေးမှာ လက်ဖက်ထမင်းနဲ့ ...(or) ထမင်းကြော် ... ကို မနက်စာ၊ နေ့လယ်စာ စားခဲ့တာတွေကော.....
.......
သတိရစရာတွေက အများကြီးပါပဲ...
ပြန်စဉ်းစားမိတိုင်း... အဲ.. မဟုတ်သေးဘူး .. ပြန်မစဉ်းစားဘဲ ခေါင်းထဲ သူ့ဘာသူ ရောက်ရောက်လာတာ...
အဲဒီ အချိန်တိုင်း မှာ ကြက်သီးထတယ်... စိတ်က အရမ်းစဉ်းစားလို့လားမသိဘူး...
တောင်ငူ ကို အဆောင်နေကျောင်းတက်ရတဲ့ အခြေအနေမျိုးကို ချက်ချင်းပြန်ရောက်သွားတယ်...
ခုလည်း စည်သူလွင် ရဲ့ နေ၀င်ချစ်သူ သီချင်း ကို နားထောင်ဖို့ စဖွင့်လိုက်တာနဲ့
တီးလုံး မြူးမြူးလေး ကို စကြားတာနဲ့
ကျောင်းစတက်တုန်းက Fresher Welcome မှာ ဂိမ်းဆော့တာကို သတိရသွားပြန်ရော...
( စိတ်က တော်တော်ထိန်းရခက်ပါလား...
ဒီတလော ကျောင်းကို တော်တော့်ကို သတိရနေတယ်...
အတွေးထဲရောက်လာတိုင်းလည်း တကယ့်ကို တောင်ငူအဆောင်ကို ပြန်ရောက်သွားသလိုပဲ...
ဒီမှာနေနေတယ် ဆိုတာ လုံးဝမေ့သွားတယ်...
လူလည်း ငါးနှစ်ခြောက်နှစ်လောက်ပြန်ငယ်သွားတယ်... ကျောင်းတက်တုန်းက အချိန်တွေပေါ့... )
(နေ၀င် ချစ်သူ သီချင်းနားထောင်ရင်း စိတ်ရောက်သွားတာက...)
ကျောင်းမှာ ပထမဆုံး ဘက်ခ်ျ က စီနီယာ အစ်ကို အစ်မတွေ လုပ်ပေးတဲ့
Fresher Welcome မှာ ဂိမ်းဆော့တာ.. Group လေးခု ...
တစ်ဖွဲ့နှစ်ယောက်နှုန်းနဲ့ ရှစ်ယောက်ထွက်ပီး .. ခုံကို ခုနစ်လုံး ၀ိုင်းထားထား...
အဲ့ခုံကို လူတွေ(ရှစ်ယောက်)က ပတ်နေရတယ်...
သီချင်းတီးလုံး စဖွင့်ထားပြီး လူတွေက ထိုင်ခုံအ၀ိုင်းတန်းအလိုက် လမ်းလျှောက်နေရတယ် ... တီးလုံးကို ပိတ်လိုက်တာနဲ့ .. ခုံတွေကို အသည်းအသန် လုထိုင်ရတာလေ... နောက်ကျလို့ ခုံမရလိုက်တဲ့ လူတစ်ယောက်က ထွက်...
နောက် round ကျတော့ ခုနစ်ယောက်ပဲ ကျန်ရော...ခုံလည်း တစ်လုံးလျှော့.. ခြောက်လုံးပေါ့...
အဲလိုနဲ့ အားလုံး တ၀ါးဝါး၊ တပျော်တပါး ဆော့ကျတာ .. နောက်ဆုံး (မှတ်မိသေးတယ် ) တစ်ဖွဲ့ထဲကပဲ နှစ်ယောက် .. စီနီယာအစ်မကြီးနှစ်ယောက်.. ကျန်လို့ သူတို့ အဖွဲ့ အနိုင်ရသွားတာ...
( ဒီဂိမ်းက ပျော်ပွဲရွှင်ပွဲတွေတိုင်းမှာ ကစားနေကြဂိမ်းဖြစ်မယ်ထင်ပါတယ်.. အားလုံးသိပြီးသားဖြစ်မှာပါ... )
ဘာဖြစ်မှန်းမသိဘူး... ခုတလော ... (အရင်ကလည်း မကြာမကြာပါပဲ...) တီးလုံး အဲလို နည်းနည်း မြူးမြူးကြွကြွ လေးတွေ စနားထောင်မိတာနဲ့ အဲ့အချိန်ကို သွားသတိရရောပဲ...
ကိုယ့်ဘာကိုယ်လည်း ကောလိပ်ရောက်ခါစ ကလေးလေးလို ပြန်ဖြစ်ဖြစ်သွားတယ်... :D
အရမ်းကို အပူအပင်ကင်းခဲ့တဲ့ အချိန်တွေပါပဲ.....
သတိရတယ် တောင်ငူ GCC ရယ်...
အခု မင်းတို့ အဆောင်တွေမှာ GTC ကလူတွေရောက်နေပြီ ဆို...
ငါတို့ ကို ကော သတိရသေးလား ...
ကျောင်းသားသစ်တွေက ငါတို့လို မလိမ်မာဘူးမလား... ? :D
တောင်ငူက သယ်ရင်းတွေလည်း ဒီပို့စ်ကို ဖတ်မိရင် ကျောင်းတုန်းက အချိန်တွေကို ပြန်အမှတ်ရမယ် လို့ ယုံကြည်ပါတယ်...
ကျောင်းကို အချစ်ဆုံး ၂ batch က ငယ်တို့ ထိပ်ဆုံး ၂ batch ပဲ မဟုတ်လား...
အထူးသဖြင့် စီနီယာ အစ်ကို၊ အစ်မတွေပေါ့...
တစ်ခုခုဆို ကိုယ့် အစ်ကိုအစ်မတွေလို သွားဂျီကျလိုက် ...
ငိုယိုလိုက်... မေးလိုက်မြန်းလိုက်လုပ်နေကျ ငယ့်ကိုလည်း တစ်ခါတစ်ခါတော့ သတိရကြမယ်လို့မျှော်လင့်ပါတယ်...း)
အခုဆို အားလုံးက တစ်ယောက်တစ်နေရာမှာ... စီနီယာတွေနဲ့လည်း အကုန်လုံးနဲ့ အဆက်အသွယ်မရှိတော့ဘူး....
အဆင်ပြေတဲ့အခါ ၊ အခွင့်ရတဲ့ အခါ ပြန်ဆုံချင်ပါသေးတယ်...
Sai Sai ရဲ့ "သူငယ်ချင်းများစွာ" သီချင်းကိုလည်း အရင်ကလို အားလုံးတူတူ သံပြိုင် ဆိုချင်ပါသေးတယ်...
"လွမ်းရယ်မပြေ "... သီချင်းကို လည်း
အားလုံး ၀ိုင်းထိုင်ပြီး လက်ခုပ်သံပြိုင်တီးပြီး feeling အပြည့်နဲ့ ပြန်ဆိုချင်ပါသေးတယ်...
အခွင့်ရမယ်ဆိုရင်...
......
အခွင့်ရမယ်ဆိုရင်...ပေါ့..လေ.......။ ။
( Dedicated with Remembrance to our Alma mater "Taung-Ngu G.C.C" )
and ... of course, To my seniors & friends, too.
Freshar Welcom ကိုတော့ သတိအရဆုံးပဲ
ReplyDeleteတို့တွေအနိုင်ရခဲ့လို့ အဟီး
အဲ့ကဆုရတဲ့ ဂျယ်လီတွေကိုလေ ချောင်းဆိုးမှာတောင်မကြောက်ပဲ လုစားကြတာ ပျော်စရာကြီး
ReplyDeleteကျောင်းကို အချစ်ဆုံးက အမတို့ အထက်က ၂ တန်းပဲရှိတာလို့ ထင်ရင် မှားတာပေါ့...
ReplyDeleteကျွန်တော်တို့လည်း 4th Batch အထိ က ကျောင်းကို ချစ်ကြတဲ့ အထဲမှာ ပါပါလိမ့်မယ်... မယုံရင် တောင်ငူဆိုဒ်ထဲက ပို့စ်တွေ တင်ထားတာ သွားဖတ်ကြည့်ရင် သိမှာပါ...