Showing posts with label people. Show all posts

Friday, March 7, 2008
Thursday, February 28, 2008
People in class
ဘွဲ့ရ ပညာတတ်တွေပဲ ဖြစ်နေကြပြီ...
နည်းနည်းလေးတော့ သိက္ခာ ရှိသင့်ပါတယ်...
Entrepreneurship class ထဲက သူတွေ ... တော်တော်များများက အရမ်း ကို ကလေးဆန်လွန်းနေကြပါလား...
ဆရာက ငယ်တို့ အတန်းကို very quiet class လို့ ပြောပါတယ်... (ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အထိ..)
မေးတာမြန်းတာ သိပ်မရှိလို့ပါ...
အဲ.. Guest hosting က ပြီးခဲ့တဲ့ အပတ်က စပါတယ်...
ကုလားတစ်ယောက်က စမေးတယ်... Michael Oh (Guest speaker) ကို...
ဆရာက လည်း အမှတ်ပေးချင်ရင် မသိမသာကြည့်တာ မဟုတ်ဘူး...
Prof. က ရှေ့ဆုံးကနေထိုင်ပြီးတော့ နောက်ကို သမင်လည်ပြန် အခါတစ်ရာလောက်ကြည့်ပြီး...
student list ထဲက ဓာတ်ပုံတွေနဲ့ တိုက်လိုက်၊ အဲ့ဒီ တစ်ယောက်ကို မမှတ်မိလို့ ပြန်ကြည့်လိုက်...
ဓာတ်ပုံတွေနဲ့ တိုက်လိုက်၊ ကြည့်လိုက်နဲ့.. အဲလိုလုပ်တာများတော့
အဲ့ တစ်ယောက်ကလည်း ... ငါကွ.. ၊ ငါတော့အမှတ်ရပြီ ဆိုတဲ့ စတိုင်လ်နဲ့ ဖြစ်သွားရော...
အဲ... ပိုဆိုးတာက တစ်တန်းလုံးနီးပါး လှုပ်ရွလာကြပြီး... နောက် မေးခွန်းကို လက်ကို အလုအယက်ထောင်ကြပြီး မေးကြတော့တာပါပဲ...
ဆရာက တော့ မျက်လုံးတွေပြူးလာပြီး .. ငါ့တပည့်လေးတွေ သိပ်တက်ကြွလာပါလား.. လို့ .. တွေးလို့...
အဖြစ်မှန်ကို မသိရှာဘူး...
တစ်ခါတစ်ခါကို လက်ထောင်တာက လေးငါးဆယ်ချောင်း..
စလုံး တစ်ယောက်ဆို ဆရာက .. မင်းအလှည့်မဟုတ်သေးဘူး... ရှေ့က တစ်ယောက်က အရင်ထောင်ထားတာ.. ဆိုတာကိုလည်း မဟုတ်ဘူး... ဆရာ့စကားကို နားမထောင်ဘဲ၊ မသိချင်ယောင်ဆောင်ပြီး အတင်း မေးခွန်းကို ရွတ်နေတယ်.... ဆရာက အတင်း လက်ရမ်းပြီး မရမက လှမ်းတားတော့မှ... ရပ်လိုက်ရတယ်... ကဲ... ကိုယ့်အရှက်ကိုယ် ဘာလို့ခွဲချင်ရသလဲကွယ်...
သူများ အလှည့်ပါဆိုမှ... ဇွတ်! ... ကလေးမဟုတ် သူငယ်မဟုတ်...
ပြီးတော့ ရှိသေးတယ်...
Guest speaker Michael Oh ပြောတာကို လည်း သေချာနားမထောင်.. သေချာမကြားဘဲနဲ့...
အမှတ်ရချင်ဇောကြီးပြီးတော့ မေးကြတယ် ဆိုတော့...
Michael ပြောတာတွေကို ပြန် Refer လုပ်တာတွေက တလွဲတွေ... ဟားဟားဟား... လို့ပဲ အော်ရီချင်တော့တယ်...
ဟီး.. မှတ်မိတာတစ်ခုကတော့ ... တစ်ယောက် မေးတာ... "you said 100% .... bla bla "တဲ့.. မိုက်ကယ်လ် က 100% မဟုတ်ပါဘူး... 80% ပါ... တဲ့...
ကဲ... မရှက်ကြဘူးလားကွယ်...
Entrepreneur တစ်ယောက် ဖြစ်ချင်တဲ့သူက
အဲလို အမှတ်ရရင်ပြီးရော စိတ်ထား... မထားသင့်ဘူး ထင်တယ်...
ကလေးတွေလည်း မဟုတ်ကြတော့ဘူး....
ဆရာက မရိပ်မိပေမယ့်... Michael Oh ကတော့ ရှေ့မှာ ပြောနေတာဆိုတော့ တတန်းလုံးလိုလို ချက်ချင်း ထကြွလာရခြင်း အကြောင်းရင်းကို ရိပ်မိသွားပုံပါပဲ....
ပြောချင်တာက...
တကယ် သိချင်၊ Guest speaker (entrepreneur) ဆီ က ပညာလိုချင်တဲ့ စိတ်နဲ့ မေးတာ ကောင်းပါတယ်.. အဲလိုစိတ်နဲ့ သိက္ခာ ရှိရှိ.. သေချာ မေးကြစမ်းပါ...
အခုတော့ ... ဆရာက ဟို ကုလားတစ်ယောက် စမေးတာကို အမှတ်ပေးတယ် ဆိုတာနဲ့ ...
အိုး.... လူတွေ..လူတွေ....
(စလုံး တစ်ယောက်နှစ်ယောက်တော့ ရှိပါတယ်... တကယ် သိချင်စိတ်နဲ့ မေးသွားတာ... အေးဆေးပဲ... လက်ထောင်တာလည်း အတင်းလုယက်မထောင်ဘူး... မေးခွန်းကိုလည်း အတင်း မမေးဘူး.. ဆရာက ကဲ.. မင်းမေး.. မင်းအလှည့်ဆိုတော့မှ... ။ အဲလိုပဲ ဖြစ်သင့်တယ်လေ ကွယ်...)

Saturday, December 1, 2007
လူတွေ... လူတွေ... လူတွေ...
လူတွေဟာ ဘာဖြစ်လို့ စာနဲ့ပတ်သက်လာရင်
အဲလောက်တောင် အသည်းအသန်
မျက်စိပျက်မျက်နှာပျက်ဖြစ်နေရတာလဲ....
ကိုယ့်ဘက်ကတော့ ဘာမှ မပေးချင်ဘူး...
ကိုယ့်အချိန်တွေ အကုန်မခံချင်ဘူး...
သူများရထားတာတွေအလှည့်တော့ လိုချင်သား...
ဟားဟား... ဘာမဟုတ်တာလေးတောင်...
အတန်းထဲမှာ သင်တဲ့ ppt slides ထဲမှာ
ကိုယ့်ဘာသာ လိုက်မှတ်ထားတဲ့ တောခြစ်တောင်ခြစ် notes တွေကိုတောင်
ဘာတွေများမှတ်ထားလဲ ဆိုပြီး ပြူးတူးပြဲတဲ ကြည့်ရတဲ့အဖြစ်...
သူငယ်ချင်းတွေအချင်းချင်း Discussion ဆိုတာ
ကိုယ်ရထားပြီးတာတွေကို အတူတူ share ကြ တဲ့ အချိန်လေးပါ...
(အချိန်ကုန်တယ် လို့တွေးပြီး...) Discussion ကျတော့မလာချင်ဘဲနဲ့
ပြီး မှ နောက်ဆုံးသတ် final result /notes ကို လိုချင်တယ် ဆိုတော့
... မလွန်လွန်းဘူးလားဟင်...
အိမ်အထိပါ notes တွေကို လာပို့ပေးရအုံးမလား...ဟမ်...
( သိနေတယ်နော်... စိတ်ထဲကနေ အဲလို လိုချင်နေမယ်ဆိုတာ...hum hum hum )
စာမေးပွဲနီးလာရင် လူတိုင်းကတော့ အချိန်ကိုတန်ဖိုးထားကြတာချည်းပါပဲ....
ကိုယ်တစ်ယောက်တည်း အချိန်မလောက်ဘူးလို့ မတွက်ထားသင့်ဘူးလေ နော်...
discussion ကို လာပြန်တော့လည်း
ကိုယ့်ကျ သိတာတွေကို မရှယ်ဘဲ သူများနဲ့တွေ့တုန်း သူ့ဆီက ငါ ရသမျှ အပိုင်သယ်သွားမဟဲ့ ဆိုတဲ့
ပြူးတူးတူးမျက်လုံးနဲ့ စိတ်ထားမွန်၊ ဆန်ဒမြတ်လေးကို တော့ .. လေးစားပါတယ်ဗျားးးးးးးးးးးးးးးးးးးးးးးး......
...No offence..... :) just writing down my feeling here @MY BLOG.

Wednesday, October 31, 2007
Thursday, October 25, 2007
တူသောအကျိုး
စလုံး အစုတ်ပလုတ်နှစ်ယောက်...
အသက်ဒီလောက်ကြီးနေပြီ...
တော်တော်ကလေးဆန်ပြီး အကျင့်ယုတ်တယ်...အရမ်းလည်တယ်... အယုတ်တမာနှစ်ယောက်...
အရမ်းရွံတယ်...
I'm ok with other S'porean classmates.
How come, those two are peculiar ones! so lower-std.
လူတွေအားလုံး
မိမိစိတ်ထားနှင့် တန်ပြန်
တူသောအကျိုးပေးကြပါစေ...

Subscribe to:
Posts (Atom)