" လူ့ဘ၀မှာ အရေးအကြီးဆုံးက သမီး တကယ်လေ့လာတယ်၊ ကြိုးစားတယ်၊ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်ခဲ့တယ် လို့ ကိုယ့်ဘာသာ လက်ခံနိုင်ဖို့ပဲ။ အဲဒါဆိုရင် ကိတ်စ တစ်ခု ပြီးမြောက်အောင် စွမ်းဆောင်နိုင်ပြီ ဆိုတဲ့သဘော။ အဲဒါဟာ အရေးကြီးတယ်။ အောင်မြင်တယ် လို့ ပြောကြတာ၊ သူတစ်ပါးတွေ ကိုယ့်ကို ချီးကျူးကြတာ၊ ဒါတွေလဲ ကောင်းပါတယ်။ အရသာ ရှိပါတယ်။ ဒါပေမယ့် ကိတ်စတစ်ခုပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုလောက် တန်ဖိုးမရှိဘူး။ ကျေနပ်အားရစရာလည်း မကောင်းဘူး။ အဲဒီတော့ အောင်မြင်တယ် မအောင်မြင်တယ်ဆိုတာတွေကို အသာဘေးဖယ်ထား၊ ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစား။ "
___________________________________________________________
" သေသေချာချာကြည့် သမီး၊ မြို့လယ်ကွက်လပ်ကို ရောက်အောင် သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး၊ အများကြီး ရှိတယ်။ လူ့ဘ၀မှာလည်း ထိုနည်းလည်းကောင်းပဲ၊ သမီးရည်မှန်းထားတဲ့ပန်းတိုင်ကို ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ် "
___________________________________________________________
ဖေမြင့် ရဲ့ မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား ..ဘာသာပြန်စာအုပ်ထဲက Quotes လေးတွေပါ...
.... အရမ်း ချစ်ခင်လေးစားရိုသေရတဲ့ Teacher တစ်ယောက်နဲ့ ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်လောက်က စကားပြောဖြစ်တယ်...။ တီချယ်ရဲ့ တပည့်အပေါ် ထားတဲ့ စိတ်ထားစေတနာတွေက အခုချိန်ထိ ဒီအတိုင်းပဲ...၊ ဝေးသွားပေမယ့်လည်း တီချယ့် စေတနာမေတ်တာတွေက စိမ်းမသွားဘူး၊ ပြောင်းလဲ မသွားဘူး...။
တီချယ့် ကို ညည်းချင်းတွေပြောမိရာက...
တီချယ့်ဆုံးမစကားတွေ နားထောင်ရင်း...
အားပေးစကားတွေ နားထောင်ရင်း...
လူလည်း ပြန်အားပြည့်လာရင်း.... နဲ့..
ခု ဒီစာစုလေးတွေကို Teacher ကို သတိတရအနေနဲ့ ဒီမှာ လာပြီး save လုပ်လိုက်ပါတယ်...
ကျောင်းစာတွေနဲ့ ရှုပ်နေတဲ့ကြားက သမီးတပည့်တစ်ယောက်ကို အချိန်သေချာပေးပြီး ဂရုတစိုက် စကားပြန်ပြောခဲ့တာ လေးစား၊ အားနာ၊ ကျေးဇူးတင်မိပါတယ် Teacherရေ...
ချစ်တဲ့Teacher အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ...
( Dedicated to My Beloved Teacher Dr. EiEi Hlaing )
Showing posts with label General. Show all posts
Showing posts with label General. Show all posts
Sunday, December 2, 2007
Saturday, October 20, 2007
To My friends
ခုတလော လူမအားစိတ်မအားမို့ ပို့စ် အသစ်မတင်ဖြစ်တဲ့အတွက်
လာလည်တဲ့သူငယ်ချင်းတွေကို တောင်းပန်ပါတယ်နော်...
စာမေးပွဲကြီးပြီးရင် ပို့စ်တွေ တရစပ်တင်ဖို့အစီအစဉ်ရှိပါတယ်... :D
လောလောဆယ်က... ပရောဂျက်ရော၊ Assignments နဲ့ လာမယ့် နိုဝင်ဘာ တစ်ရက်နေ့Exam အတွက်ပါ
ခေါင်းတော်တော်ကိုက်နေလို့ပါ....
လာလည်တဲ့သူငယ်ချင်းတွေကို တောင်းပန်ပါတယ်နော်...
စာမေးပွဲကြီးပြီးရင် ပို့စ်တွေ တရစပ်တင်ဖို့အစီအစဉ်ရှိပါတယ်... :D
လောလောဆယ်က... ပရောဂျက်ရော၊ Assignments နဲ့ လာမယ့် နိုဝင်ဘာ တစ်ရက်နေ့Exam အတွက်ပါ
ခေါင်းတော်တော်ကိုက်နေလို့ပါ....
Subscribe to:
Posts (Atom)