ဒီမှာ တရုတ်စကား ရေရေလည်လည် မပြောတတ်တာ သိပ်စိတ်ညစ်ဖို့ကောင်းပါတယ်...
သူများတွေ အတွက်တော့ အဆင်ပြေမှာပါ...
ကိုယ့်အတွက် တော့ လူက လည်း တရုတ်အစစ်၊ ပုံကလည်း တရုတ်မှန်း အရမ်းသိသာနေတော့ ဘယ်သွားသွား (စာသင်ခန်းထဲမှာက လွဲလို့ပေါ့လေ...) အပြင်မှာ ၊ အထူးသဖြင့် စားတဲ့သောက်တဲ့နေရာမှာ ရံဖန်ရံခါဆိုသလို အရမ်း ဒုတ်ခရောက်ပါတယ်...
ကိုယ့်ပုံစံက Chinese မှန်းသိသာလွန်းနေတော့ ဆိုင်ရှင်တွေ၊ ရောင်းတဲ့သူတွေက တရုတ်လိုပဲ မေးပါတယ်...
Listening ကို basic conversation တွေ နားထောင်တတ်လို့ သူတို့မေးတာကို နားလည်ပါတယ်...
အဲ..အဲ့ဒီမှာ ပြသနာက ပြန်မပြောတတ်တာပါ...
ဘယ်လိုမှ ပါးစပ်ကပြောမထွက်ဘူး...
မေးတဲ့သူက တရုတ်လိုမေး၊ ကိုယ်က English လို ပြန်ဖြေတဲ့အခါမှာ ... ဒီကောင်မလေး တရုတ်ဖြစ်ပြီး တရုတ်လိုမတတ်ဘူးလား ဆိုတဲ့ အကြည့် ... or .. တရုတ်လိုမေးနေတာကို english လိုဖြေတယ်.. ဘိုရူး! ဆို ပြီး ကြည့်တဲ့ အကြည့် က အတော် ခံရပါတယ်...
များသောအားဖြင့် canteen/food stalls တွေမှာ ကိုယ်ဝယ်စားတဲ့ဆိုင်ကသူတွေက အင်္ဂလိပ်လို သိပ် မပြောတတ်တာ တွေ့ရပါတယ်...
နောက်တော့လည်း သူတို့မေးတာ နားလည်ရဲ့သားနဲ့ နားမလည်ဘူး၊ english လိုပဲ ပြောပါ ဆိုပြီး မျက်နှာပူပူနဲ့ပဲ နားမလည်ချင်ယောင်ဆောင်လိုက်တော့တယ်...
နို့မို့ဆို သူတို့ English လိုမရမှန်းသိရဲ့နဲ့..၊ တရုတ်လိုပြောတတ်ရဲ့နဲ့ ဘိုလိုလာမှုတ်နေတယ် ဖြစ်အုံးမယ်...
စိတ်လေတယ်ဝေ့..... အဲဒါလည်း ဒုတ်ခ... ပြီးတော့ ငါနားမလည်ဘူး လို့ ပြောလိုက်တော့ "ဒီကောင်မလေး Chinese ဖြစ်ပြီး တရုတ်လို မတတ်ဘူး... အလကားပဲ .. " ဘာညာ အစရှိသဖြင့် ကိုယ့်ရှေ့မှာပဲ ကိုယ့် အကြောင်း အတင်းတုတ်တာလည်း ခံရသေးရဲ့... ဟူး... စိတ်တိုလိုက်တာ...
တစ်ခါက မနေနိုင်လွန်းလို့ (အဲ့လိုပြောတာကြားတော့) တတ်သမျှမှတ်သမျှနဲ့ .. ငါ နားလည်တယ်..၊ ပြန်မပြောတတ်လို့ပါ.. လို့ .. တရုတ်လို လှမ်းပြောလိုက်တော့ လည်း ဆိုင်ရှင်နှစ်ယောက်က အချင်းချင်း ကြည့်ပြီး ရယ်ကြပြန်ရော...
(ကိုယ့်အသံကိုနားထောင်ပြီးတော့ ) နင် နားလည်ရဲ့သားနဲ့၊ ပြောတတ်ရဲ့သားနဲ့ နားမလည်ချင်ယောင်၊ မတတ်ချင်ယောင်ဆောင်တယ်... ဆိုတဲ့အကြည့်တွေနဲ့လေ... ဟူး... စိတ်ကုန်တယ်... :(
ဒီနေ့ညလည်း ကျောင်းကအပြန် ဘတ်စ် စီးတော့ အကြွေစေ့ထည့်တာ.. ကားသမားက ဘယ်သွားမှာလဲ လို့ တရုတ်လိုမေးတာ.. ကိုယ်က အင်္ဂလိပ်လိုဖြေ... သူက နောက်တစ်ခွန်းပြော.. ကိုယ်က English လိုပြန်ပြော..နဲ့.. သိပ်မကြည်တော့ဘူး... ငါတရုတ်လိုမေးနေတာကို တရုတ်လို အကောင်းပြန်မဖြေဘူး...ဆိုတဲ့ အကြည့်နဲ့... အော်... ခက်ပါလားကွယ်...
အဆောင်မှာလည်း တူတူပဲ... အခန်းဖော်.. Malaysian တရုတ်နဲ့ တရုတ်ပြည်က တရုတ်မ.. သူတို့နှစ်ယောက် မေးမြန်းပြောဆိုနေရင်နားလည်တယ်... သူတို့တရုတ်လိုမေး၊ ကိုယ်အင်္ဂလိပ်လိုဖြေ... ဟုတ်နေတာပဲ...
သူတို့ကလည်း အတော် ပညာလျှိုတယ်... ငါနဲ့အပြောကျင့်ပါ... ငါ့ကို တရုတ်လို အပြောရဲအောင်၊ သွက်အောင် ကျင့်ပေးပါ.. ဆိုတာကို မပြောကြဘူး... နောက်ပိုင်း အင်္ဂလိပ်လိုပဲ ပြောကြတယ်...
အတော် အားကိုးရတဲ့သူတွေ...
... မိမိကိုယ်သာ ကိုးကွယ်ရာ....တဲ့...
ကိုယ့်အပြစ်နဲ့ကိုယ်...
တတ်ထားတဲ့စာတွေကို မသုံးတာကြာတာနဲ့ မေ့ပစ်လိုက်ရော...
အရင်ကဆို အဖတ်ကိုလည်း တော်တော်ဖတ်နိုင်တယ်... ရေးလည်း ရေးတယ်..
အခုတော့.. တကယ့် basic စာလုံးတွေပဲ ဖတ်နိုင်တော့တယ်...
အော်..ဒီစာလုံးတွေ ငါအရင်က သိပါတယ်.. ဆိုတဲ့ အသိပဲ ရှိတော့တယ်... :(
စိတ်ကုန်တယ်...ကိုယ်က ကိုယ့်ဘာကိုယ် ဒီလိုဒုတ်ခရောက်နေရတဲ့ အထဲ ဒီနားထောင်တတ်တာလေးကို ယောက်ျားရင့်မာကြီးတန်မဲ့ J လာပွားနေတဲ့သူတွေကလည်း ရှိသေးတယ်...
ရောက်စက စပ်စုစိန်လုပ်ပြီး လာမေးပြီး ... အေး.. listening တော့ ရတယ်၊ နားလည်တယ် ဆိုတာနဲ့ .. အော်.. နားလည်တယ် ဟုတ်လား.. ဆိုပြီး မျက်စိပျက် မျက်နှာပျက်...
အော်... လူတွေ... လူတွေ...
Showing posts with label Experience. Show all posts

Wednesday, November 7, 2007
Monday, November 5, 2007
Successful IS Consultant ဆိုတာ ...
ဆရာ Prof. Bernard Tan ပြောသွားတာလေး မှတ်သားစရာကောင်းတယ်လို့ ခံယူမိတာကြောင့် ဒီမှာ အမှတ်တရ ပြန်ရေးလိုက်ပါတယ်...
ပြောသွားတာ ကြာပြီ... လွန်ခဲ့တဲ့ ၂ လ လောက် က class တစ်ချိန်မှာ ပြောသွားတာ...
ဟိုနေ့ကဆရာပြောတာ တစ်ခု ကို နားထောင်ရင်းမှ ပြန်သတိရမိလို့ ပြန်မမေ့ခင် ဒီမှာပဲ ဒိုင်ယာရီသဘောမျိုး ရေးလိုက်ပါတယ်....
တစ်နေ့က project presentation ထွက်မလုပ်ရခင် ကျောင်းသားတွေက စာမေးပွဲ အကြောင်း ဘာညာဘာညာ မေးလို့ ဆရာက ပြောတယ်...
အောင်မြင်တဲ့ consultant/business executive တစ်ယောက်ဆိုတာ
အတန်းထဲမှာ Grade A+ ရတဲ့သူကို မဆိုလိုဘူး...တဲ့
တကယ့်အလုပ်မှာ Report တွေ အများကြီးရေး...၊ ပိုက်ဆံတွေ ရှာနိုင်တဲ့သူ ၊ အဲ့ဒီ ကနေ income ကောင်းတဲ့သူ ကို ခေါ်တာ... တဲ့...
အတန်းထဲမှာ Grade ဘယ်လောက်ကောင်းနေပါစေ...၊ တကယ့် လက်တွေ့ အလုပ်ခွင်ရောက်လို့
ပိုက်ဆံမရဘူး...မရှာနိုင်ဘူး ဆို အလကားပဲ... တဲ့...
ဒါကြောင့် ဆရာက အားလုံးကို များများတွေး ၊ အထူးသဖြင့် အခု သင်ရတဲ့ Strategic IS Planning module
နဲ့ ပတ်သက်လို့ များများ တွေး... creative idea/ plan များများ ထွက်စေချင်တာလေ.....
.......
ပြောရင်းနဲ့ တကယ်ရေးမယ့် အကြောင်းအရာပျောက်တော့မယ်... :D
ဒီလိုပါ...
ဆရာက ပြောတယ်...
တစ်ခါက Standford Business School မှာ ...တဲ့... ၁၉၅၀-၁၉၆၀ လောက်ကပေါ့...
( MBA အတန်းဖြစ်မယ်ထင်တယ်.... MBA လား MSc(Info: Systems) လားသေချာမသိဘူး...)
ဆရာတစ်ယောက်က ကျောင်းသားတွေကို exam မှာ မေးတယ် ... ကိုယ့်ရဲ့ Business အကြောင်းပေါ့လေ...
ဖြစ်လာနိုင်တဲ့ ... invest လုပ်မယ့် idea/ facts တွေ .. ဖြေခိုင်းတယ်... နောင် ဖြစ်လာနိုင်တဲ့ business အကြောင်းပေါ့... popular ဖြစ်လာနိုင်တဲ့ ....ကျယ်ပြန့်လာနိုင်တဲ့လုပ်ငန်းပေါ့လေ...
(ဟီး.. ဆရာပြောတာကို သေချာမမှတ်မိတော့ဘူး..exam လား၊ assignment လား သေချာမသိတော့ဘူး.. လိုရင်း main idea ပဲ သိတော့လို့... ကွဲလွဲချက်တွေရှိ ရင် ဒီစာရေးသူရဲ့ အပြစ်ပါ လို့...)
အဲ.. အဲဒါ ကျောင်းသားတစ်ယောက်က Shoes တွေ လုပ်ငန်း ထွန်းကားလာနိုင်တယ်...
Shoes တွေကို ဘောလုံးကန်ဖို့အတွက် shoes , Tennis/ကြက်တောင်ရိုက်ဖို့အတွက် shoes , လမ်းလျှောက်ရင် ၀တ်ဖို့ shoes, ပြေးရင်(အပြေးပြိုင်ရင်) စီးဖို့ အတွက် shoes, ... စသဖြင့်ပေါ့လေ...
အဲလိုတွေ ဖြစ်လာနိုင်တယ်... ဒါကြောင့် Shoes Business လုပ်သင့်ပါတယ်... လို့ ဖြေလိုက်သတဲ့.....
အဲဒါ စစ်တဲ့ဆရာက ... မဖြစ်နိုင်ဘူး... ဖိနပ်ဆိုတာ တစ်ရံ ရှိရင် ရပြီပေါ့... လူတွေက ဖိနပ်ကို ဒါလောက် care မလုပ်ပါဘူး... ဆိုပြီး တွေးသတဲ့...
(အဲဒီအချိန်တုန်းက (1950 ၀န်းကျင်လောက်ကလည်း ) ဖိနပ်တွေက အခုခေတ်လို ခေတ်မှ မစားသေးပဲကိုး...တဲ့.. ငယ်တို့ဆရာပြောပြတာပါ...)
ဒါနဲ့ ဆရာ က အဲ့ဒီ အဖြေ (assignment/ answer) ကို Grade 'D' ပဲ ပေးလိုက်သတဲ့.. (သနားပါတယ်နော်..)
ဒီလိုနဲ့ပဲ .. အဲဒီကျောင်းသားလည်း ကျောင်းပြီးသွားသတဲ့...
သူက ကျောင်းပြီးတော့ သူ့ ရေးတဲ့အတိုင်း သူ့စီးပွားရေးကို Shoes Business ကို လုပ်ကိုင်ပါသတဲ့...
ပထမဆုံး ဘောလုံးကန်ဖိနပ်တွေ စပြီး ထုတ်တယ် ...
ဆိုင်တွေကို လိုက်ဖြန့်တယ်...
နောက် ..အတော် အိုကေလာတော့ ဆိုင်ခွဲတွေ ဖွင့်ဖို့လုပ်တယ်.....
နောက်တော့ အပြေးပြိုင်ရင် ၀တ်ဖို့ ဖိနပ်...၊ ကြက်တောင်ရိုက်တာအတွက် ဖိနပ်.....etc ...
တစ်မျိုးပြီး တစ်မျိုး ဆက်ထုတ်လုပ်ပါသတဲ့...
ဒီလိုနဲ့ပဲ အဲဒီကျောင်းသားရဲ့ shoes business ဟာ ကဘာတစ်ဝှမ်း အနှံ့နာမည်ကျော်ကြားလာပါသတဲ့.....
အဲဒီသူက အောင်မြင်တဲ့ businessman ဖြစ်သွားတယ်ပေါ့လေ...
[ Hey, Guess!.. what brand can it be??? :) ]
ဒါနဲ့ နောက်ပိုင်း သူအောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာ Standford Business School (သူတက်ခဲ့တဲ့ကျောင်း) မှာ နှစ်စဉ် Guest Talk/Lecture အဖိတ်ခံရပြီး လာ ဟောပြောလေ့ရှိပါတယ် ...တဲ့လေ.....
အဲ... အဲဒီသူ ...၊ Grade D ပဲ ရတယ် ဆိုတဲ့ကျောင်းသားက တော့ NIKE ဖိနပ်တွေကို စတင်ထုတ်လုပ်သူ NIKE ရဲ့ founder /(president) ပဲ ဖြစ်ပါသတဲ့....
NIKE brand ဆိုတာ အခု worldwide famous ပဲလေ...
ငယ်တို့ ဆရာပြောပြတဲ့ ဇာတ်လမ်းက ဒီမှာဆုံးပါတယ်...
ဒါကြောင့် ဆရာက နောက်ဆုံးမှာ ဒီလို အဆုံးသတ်ပါတယ်...
"ဒါကြောင့် မင်းတို့လည်း ဆရာ စာမေးပွဲမှာ Grade ပေးမိတာ မှားလို့ အဲ့ဒီကျောင်းသားလိုမျိုး Grade မကောင်းခဲ့ရင် လည်း ... ငါတို့ကျောင်း (ဒီ NUS) မှာ Guest Lecture/Talk တွေ နောင်တစ်ချိန်မှာ talkပြန်လာပေးနိုင်သူဖြစ်အောင် ကြိုးစားကြပါ..."... တဲ့...
ဆရာပြောပြတဲ့ အဲ့ဒီ nike founder အကြောင်း ကြားလိုက်ရတာ အရမ်းအားတက်သွားတယ်...
ကိုယ့် Grade က A+ သာ မရတာ... အဲလို ကြီး မဆိုးသေးဘူးလေ... သာမန်ပလပ်စ်( သင့်+)လောက်တော့ ရ ရနေသေးတယ်...
ငါရော အဲလို အောင်မြင်တဲ့သူ ဘာလို့ မဖြစ်နိုင်ရမှာလဲ...
ငါလည်း အများကြီးကြိုးစားရမယ်...
တစ်ဆင့်ပြီးတစ်ဆင့်ပေါ့... bla bla bla... အတွေးတွေ ၊ စိတ်ကူးတွေ အများကြီးရလိုက်ပါတယ်...
အဲဒီနေ့ က ပြောပြတဲ့ ဒီအကြောင်းအရာလေးအတွက် Professor Bernard Tan ကို အထူးကျေးဇူးတင် မိပါတယ်...
ဆရာ့ကို လည်း ဒီနေရာကနေ၊ ဒီပို့စ်လေးတစ်ခုနဲ့ ရိုသေစွာ ဂါရ၀ပြုလိုက်ရပါကြောင်း...။ ။

Saturday, October 20, 2007
A trip to NTU
မနေ့က NTU ကို Form တစ်စောင် တင်ဖို့ သွားဖြစ်တယ်...
၁၇၉ ကားစီးပြီး သွားတာ...
ဟူး....Student Services Centre နဲ့ အနီးဆုံး..လို့ကြားဖူးတဲ့ မှတ်တိုင်မှာ ဆင်းပြီး...
ကိုယ့်ဘာကိုယ် ထင်တဲ့လမ်းအတိုင်းသွားဖို့ဆဲဆဲ မှာ.....
Chinese အတွဲတစ်တွဲ ကို မှတ်တိုင်ကိုလာနေတာတွေ့လို့... ဘယ်လိုသွားရလဲ ဆိုပြီး လမ်းမေးမိပါတယ်.....
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.............. လျှောက်လိုက်ရတာ... သေတော့မတတ်ပဲ.....
နာရီဝက်နီးပါးလောက်လျှောက်လိုက်ရတယ်.....
ပြီးတော့ ကုန်းတက်တွေချည်းပဲ... လျှောက်ရတာ....
အဲဒီ Student Services Centre လည်းရောက်ရော... အသက်ရှုလို့မရတော့ဘူး....
လေးနာရီကလည်းကျော်စပြုနေပြီဆိုတော့... ပိတ်သွားမှာလည်းစိုးတယ်... သွား-မောကြီး ဖြစ်မှာလည်းကြောက်တယ်... ဟူးးးးး.....
တကယ်တော်တော်စိတ်ညစ်သွားတယ်....
အရင်... March လတုန်းက တစ်ခေါက်ရောက်ဖူးပေမယ့်
အဲ့တုန်းက taxi နဲ့သွားတာဆိုတော့ လမ်းကို မမှတ်မိဘူးဖြစ်နေတယ်...
အဲ့ဒါနဲ့ NTU ကျောင်းသားအတွဲကို မေးမိတာပိုဆိုးသွားတယ်...
မှတ်တိုင်နဲ့ SSC နဲ့ က အတော်ဝေးတာပဲ... ဒါပေမယ့် သူတို့ညွှန်တဲ့လမ်းကိုက ပိုပြီးဝေးတယ်.....
မနေ့ကတော့ တကယ့်ကို ကံမကောင်းပါလား...ပဲ...
တော်သေးတယ်...
ကံကောင်းတာတစ်ခုက form တင်လို့ရလိုက်တယ်....
(မပြောကောင်းပြောကောင်း ... ရုံးပိတ်သွားပြီ...ဆိုလို့ကတော့...
တကယ့်ကို မောပြီးရင်းမော..ပဲ... )
တော်တော်စိတ်လေတယ်...
နောက်ကို အဲ့ သွားရင် Taxi နဲ့ပဲသွားတော့မယ်... :(

Subscribe to:
Posts (Atom)