Showing posts with label feelings. Show all posts
Showing posts with label feelings. Show all posts

Wednesday, March 19, 2008

N Sai Li - ကျေးဇူးပဲ သူငယ်ချင်း


N ဆိုင်းလီ - ကျေးဇူးပဲ သူငယ်ချင်း
( Download here )

သိပ်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ...
အရင်ကလည်း ဒီသီချင်းကို ဘာသာပြန်ရေးဖြစ်ခဲ့ပြီးပြီ...
အခု ချစ်တဲ့ သူငယ်ချင်း(best friend) နှစ်ယောက်ကို သတိရနေတာနဲ့ ဒီသီချင်းလေးကို ပြန်ညည်းနေမိရင်း post လိုက်ပါတယ်...

အမြဲတမ်း အဆင်သင့် ရှိနေတဲ့...
အဆင်မပြေလို့ ညည်းညူတဲ့အခါ ရှောင်မသွားဘဲ အမြဲ အားပေးတတ်တဲ့....
အမြဲတမ်း keep in touch ဖြစ်နေတဲ့...
သူငယ်ချင်း HCH နဲ့ ZMH တို့ ကို သတိတရ ...
သီချင်းစာသားထဲက အတိုင်း...
`အချစ်ဆုံး သူငယ်ချင်းရေ ကျေးဇူးပါပဲ...´ လို့...

I do remember you, friends...
Thanks for being my best friend always!

Thursday, February 28, 2008

People in class

ဘွဲ့ရ ပညာတတ်တွေပဲ ဖြစ်နေကြပြီ...
နည်းနည်းလေးတော့ သိက္ခာ ရှိသင့်ပါတယ်...
Entrepreneurship class ထဲက သူတွေ ... တော်တော်များများက အရမ်း ကို ကလေးဆန်လွန်းနေကြပါလား...

ဆရာက ငယ်တို့ အတန်းကို very quiet class လို့ ပြောပါတယ်... (ပြီးခဲ့တဲ့ တစ်ပတ်ကျော်က အထိ..)
မေးတာမြန်းတာ သိပ်မရှိလို့ပါ...

အဲ.. Guest hosting က ပြီးခဲ့တဲ့ အပတ်က စပါတယ်...
ကုလားတစ်ယောက်က စမေးတယ်... Michael Oh (Guest speaker) ကို...
ဆရာက လည်း အမှတ်ပေးချင်ရင် မသိမသာကြည့်တာ မဟုတ်ဘူး...
Prof. က ရှေ့ဆုံးကနေထိုင်ပြီးတော့ နောက်ကို သမင်လည်ပြန် အခါတစ်ရာလောက်ကြည့်ပြီး...
student list ထဲက ဓာတ်ပုံတွေနဲ့ တိုက်လိုက်၊ အဲ့ဒီ တစ်ယောက်ကို မမှတ်မိလို့ ပြန်ကြည့်လိုက်...
ဓာတ်ပုံတွေနဲ့ တိုက်လိုက်၊ ကြည့်လိုက်နဲ့.. အဲလိုလုပ်တာများတော့
အဲ့ တစ်ယောက်ကလည်း ... ငါကွ.. ၊ ငါတော့အမှတ်ရပြီ ဆိုတဲ့ စတိုင်လ်နဲ့ ဖြစ်သွားရော...
အဲ... ပိုဆိုးတာက တစ်တန်းလုံးနီးပါး လှုပ်ရွလာကြပြီး... နောက် မေးခွန်းကို လက်ကို အလုအယက်ထောင်ကြပြီး မေးကြတော့တာပါပဲ...
ဆရာက တော့ မျက်လုံးတွေပြူးလာပြီး .. ငါ့တပည့်လေးတွေ သိပ်တက်ကြွလာပါလား.. လို့ .. တွေးလို့...
အဖြစ်မှန်ကို မသိရှာဘူး...

တစ်ခါတစ်ခါကို လက်ထောင်တာက လေးငါးဆယ်ချောင်း..
စလုံး တစ်ယောက်ဆို ဆရာက .. မင်းအလှည့်မဟုတ်သေးဘူး... ရှေ့က တစ်ယောက်က အရင်ထောင်ထားတာ.. ဆိုတာကိုလည်း မဟုတ်ဘူး... ဆရာ့စကားကို နားမထောင်ဘဲ၊ မသိချင်ယောင်ဆောင်ပြီး အတင်း မေးခွန်းကို ရွတ်နေတယ်.... ဆရာက အတင်း လက်ရမ်းပြီး မရမက လှမ်းတားတော့မှ... ရပ်လိုက်ရတယ်... ကဲ... ကိုယ့်အရှက်ကိုယ် ဘာလို့ခွဲချင်ရသလဲကွယ်...
သူများ အလှည့်ပါဆိုမှ... ဇွတ်! ... ကလေးမဟုတ် သူငယ်မဟုတ်...
ပြီးတော့ ရှိသေးတယ်...
Guest speaker Michael Oh ပြောတာကို လည်း သေချာနားမထောင်.. သေချာမကြားဘဲနဲ့...
အမှတ်ရချင်ဇောကြီးပြီးတော့ မေးကြတယ် ဆိုတော့...
Michael ပြောတာတွေကို ပြန် Refer လုပ်တာတွေက တလွဲတွေ... ဟားဟားဟား... လို့ပဲ အော်ရီချင်တော့တယ်...
ဟီး.. မှတ်မိတာတစ်ခုကတော့ ... တစ်ယောက် မေးတာ... "you said 100% .... bla bla "တဲ့.. မိုက်ကယ်လ် က 100% မဟုတ်ပါဘူး... 80% ပါ... တဲ့...
ကဲ... မရှက်ကြဘူးလားကွယ်...
Entrepreneur တစ်ယောက် ဖြစ်ချင်တဲ့သူက
အဲလို အမှတ်ရရင်ပြီးရော စိတ်ထား... မထားသင့်ဘူး ထင်တယ်...
ကလေးတွေလည်း မဟုတ်ကြတော့ဘူး....

ဆရာက မရိပ်မိပေမယ့်... Michael Oh ကတော့ ရှေ့မှာ ပြောနေတာဆိုတော့ တတန်းလုံးလိုလို ချက်ချင်း ထကြွလာရခြင်း အကြောင်းရင်းကို ရိပ်မိသွားပုံပါပဲ....


ပြောချင်တာက...
တကယ် သိချင်၊ Guest speaker (entrepreneur) ဆီ က ပညာလိုချင်တဲ့ စိတ်နဲ့ မေးတာ ကောင်းပါတယ်.. အဲလိုစိတ်နဲ့ သိက္ခာ ရှိရှိ.. သေချာ မေးကြစမ်းပါ...
အခုတော့ ... ဆရာက ဟို ကုလားတစ်ယောက် စမေးတာကို အမှတ်ပေးတယ် ဆိုတာနဲ့ ...
အိုး.... လူတွေ..လူတွေ....

(စလုံး တစ်ယောက်နှစ်ယောက်တော့ ရှိပါတယ်... တကယ် သိချင်စိတ်နဲ့ မေးသွားတာ... အေးဆေးပဲ... လက်ထောင်တာလည်း အတင်းလုယက်မထောင်ဘူး... မေးခွန်းကိုလည်း အတင်း မမေးဘူး.. ဆရာက ကဲ.. မင်းမေး.. မင်းအလှည့်ဆိုတော့မှ... ။ အဲလိုပဲ ဖြစ်သင့်တယ်လေ ကွယ်...)

Saturday, January 19, 2008

Friday, January 4, 2008

Cute Advices from Kids

"Never trust a dog to watch your food."
-- Patrick, age 10

"When your dad is mad and asks you, "Do I look stupid?'Don't answer."
-- Hannah, age 9

Never tell your Mom her diet's not working."
-- Michael, age 14

"Don't pull Dad's finger when he tells you to."
-- Emily, age 10

"When your Mom is mad at your dad, don't let her brush your hair."
-- Taylia, age 11

"Never let your three-year old brother in the same room as your schoolassignment."
-- Traci,age 14

"If you want a kitten, start out by asking for a horse."
-- Naomi, age 15

"Felt-tip markers are not good to use as lipstick."
-- Lauren, age 9

"Don't pick on your sister when she's holding a baseball bat."
-- Joel, age 10

"When you get a bad grade in school, show it to your Mom when she's on the phone."
-- Alyesha, age 13


Friday, December 28, 2007

Another Year Has Gone By

နှစ်ဟောင်းကနေ နှစ်သစ်တစ်နှစ်ကို ကူးပြောင်းတော့မယ် အချိန်...
နှစ်တွေက တစ်နှစ်ပြီး တစ်နှစ်ကုန်လွန်သွားစမြဲပါ...
(အမှုမဲ့ အမှတ်မဲ့ ဖြစ်တဲ့သူတွေရှိသလို)
ဒါကို သတိထားမိရင်း နှစ်သစ်နဲ့ အတူ စိတ်သစ်လူသစ်အတွေးသစ် ရည်ရွယ်ချက် အသစ်... အသစ် အသစ်တွေ နဲ့ ကြိုဆိုဖြတ်သန်း ကြတဲ့သူတွေရှိကြပါတယ်...
ကြုံကြိုက်တိုက်ဆိုင်နေတဲ့ အချိန်မှာ Celine Dion ရဲ့ ဒီသီချင်းလေးကို အားလုံးနားထောင်ရအောင် Share လိုက်ပါတယ်...

Another Year Has Gone By - Celine Dion

So many 25th's of December
Just as many 4th of July's
And we're still holding it together

It only comes down to you and I
I know you can still remember
Things we said right from the start

When we said that this could be special
I'm keeping those words deep down in my heart

Another year has gone by
And I'm still the one by your side
After everything that's gone by
There's still no one saying goodbye
Though another year has gone by

I never been much for occasions
You never let another birthday go by
Without announcing how much you love me
But the truth was always there
Right there in your eyes
And we're still holding hands when we're walking
Acting like we've only just met
But how can that be - when there's so much history
I guess that's how true lovers can get

Another year has gone by
And I'm still the one by your side
After everything that's gone by
There's still no one saying goodbye
Though another year has gone by

Another year has gone by
And I'm still the one by your side
After everything that's gone by
There's still no one saying goodbye
Though another year has gone by

ဘာပဲ ဖြစ်ဖြစ် နှစ်ဟောင်းနောက်တစ်နှစ်ကတော့ ကုန်ဆုံးတော့မှာပါ...
အားလုံးပဲ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြရအောင်လား...

3 ... 2... 1... Happy New Year!!!!!!!!!!!!!!!!!
Cheers!!!

Thursday, December 27, 2007

Lwann Yel Ma Pyay

လွမ်းရယ် မပြေဘူး ... ကျောင်းသားဘဝ

တောင်ငူမှာ ငယ်တို့ 1999 batch က ( 2nd batch GCC) သူတွေ
တစ်တန်းလုံး ညီညီညာညာ သိပ်ကြိုက်ခဲ့တဲ့သီချင်းလေးပါ...
:D စီနီယာပီသစွာ စာဦးဆောင်လုပ်ဖြစ်မဖြစ်တော့ မသိဘူး...
ဒီသီချင်းကို တော့ ကျောင်းနဲ့ ခွဲရမယ့် နှစ် ( ဖိုင်နယ် နဲ့ ဂုဏ်ထူးတန်း နှစ်တွေမှာ )
အားလုံး သံပြိုင် ကော..၊ တစ်ယောက်တည်းပါ အမြဲ လိုလို အော်နေကြ၊ ဆိုနေကြ...
99 batch တွေ ဆိုကြလွန်းလို့
အငယ်တန်းက သူတွေ ပါ ဓာတ်ကူးသွားကြပြီး
မမောတမ်း ဆိုကြတဲ့ သီချင်းလေးပါ...
(သူတို့[အငယ်တွေ] ကလည်း စာဆိုရင် ဓာတ်က မကူးဘူး.. သီချင်းဆို အကူးခံတယ်၊ အကူးမြန်တယ်.. :D )

တကယ်ပါ...
အခု ဒီစာကို ရေးရင်း... အဲလို ဆိုခဲ့ကြတာကို သတိရရင်း...
စိတ်ထဲမှာ တောင်ငူကို တကယ်ပြန်ရောက်သွားတယ်.....
ကျောင်းမှာ အဲ့အချိန်ကတည်းကလည်း အားလုံးပြောနေကြပါ...
နောင်ကို ငါတို့တွေ ဒီသီချင်းထဲကလို လွမ်းရယ်မပြေ ဖြစ်နေကြမယ်... ဆိုတာလေ...
ပြောခဲ့ကြတဲ့စကားလုံးတွေ က နားထဲမှာ အခုထိ လတ်ဆတ်နေတုန်းပဲ...

ကပ်လျက်အတန်းက ညီမလေးတွေ..( ပုံ့ပုံ့တို့.. စန်ဒါတို့...)
ဒီပေ့ခ်ျကို လာဖတ်ဖြစ်ရင် အစ်မပြောတာကို ထောက်ခံမယ်မဟုတ်လား...! :)

အော်......

ကျောင်းမှာ စိန်ပန်းပင်တွေ မရှိခဲ့ပေမယ့်
ကြင်နာတတ်တဲ့ တီချယ်တွေရှိခဲ့တယ်...
အပိုးကျိုးကျိုး တပည့်တွေ( ငါတို့တွေ) ရှိခဲ့တယ်... (ငါကွ.. ရတုန်းလေး အမှတ်ယူထားမှ...! :D)
နေခေါင်ခေါင်မှာ ကားစောင့်စရာ အရိပ်ခိုစရာ တဲ သေးသေးလေး ၁ ခုရှိတယ်...
ဗိုက်ဆာလာရင် စားစရာ (အနည်းဆုံး အအေးတော့ ကျန်ပါတယ်.. ဘာမှ မရှိဘူးဆိုရင်တောင်ပေါ့လေ...)
ချိနဲ့နဲ့ ဆိုင်လေး (canteen) ၃ ဆိုင်ရှိတယ်...
ဖုန်တထောင်းထောင်းထနေတဲ့ မြေလမ်းလေးရှိတယ်...
မိုးခိုလို့၊ အရိပ်ခိုလို့မရမယ့် အပင် သေးသေးပိစိလေးတွေရှိတယ်...
(တစ်ချို့တွေက ငါတို့စိုက်ခဲ့တာတွေလေ...)
တီချယ်ကြီး ဒေါ်ခင်မှတ် စိုက်စိုက်ထားတဲ့.../ ၀ယ်ထားတဲ့ kiss-me-quick အပင်လေးတွေ ရောင်စုံရှိတယ်...
စာသင်ဆောင် တစ်ထပ်ဆောင် ပုပုလေးတွေ ၃ ခုရှိတယ်...
( တစ်ခါ ရောဂါထပြီး ကျောင်း scene တွေ အများကြီးရိုက်၊ print ထုတ်ပြီး ရန်ကုန်က စာရေးဖော်ရေးဖက် အစ်မ လိုခင်ရတဲ့ မမိုးစက် ကို ပြတော့ ..အဲဒီ စာသင်ဆောင် တစ်ထပ်ဆောင်လေးတွေကြည့်ပြီး
"ဟယ်.. မူလတန်းကျောင်းလေးလား...! " ဆိုလို့.. ငိုချင်သွားတာ မှတ်မိနေသေးတယ်... စိတ်ဆိုးရခက် ငိုရခက်ပေါ့... :D )
ကျောင်းမှာ......
........... ရှိခဲ့တယ်...
................ရှိတယ်...
...............
.................ရှိခဲ့တယ်....

လွမ်းရယ်မပြေဘူး ကျောင်းသားဘ၀ ...ပါပဲလေ....။ ။

လွမ်းရယ်မပြေ

( http://www.mediafire.com/?1u3jcx121cl - Song Oo Hlaing Single version)
( http://www.mediafire.com/?45v4h9tjxjp - with 5 Travellers )
တေးရေး - ဆောင်းဦးလှိုင်

မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ခါစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပခုံးတစ်ဖက်မှာ
အပျော်ဆုံးကျောင်းတက်ချိန်
ငါတို့ကျောင်းသားဘဝ

အဖြူစင်ခဲ့ဆုံး သစ်စာတရားနဲ့
အစောဆုံးအချစ်ရဲ့ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရောက်တော့မယ့် အကြင်နာလမ်းလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတို့တွဲထားရင်းနဲ့...

ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ်မပြေဘူး ကျောင်းသားဘ၀...

ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်ထဲမှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ်မပြေဘူး ကျောင်းသားဘဝ

ငါတို့ကျောင်းသားဘ၀.....

တစ်ခါက ငါ့ချစ်သူ ..
မဆိုင်သလိုသာ တို့လောကလမ်းများထဲမှာ...
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀...

အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀......

ကျောင်းသားဘ၀....................

Remembrance to Taung-Ngu G.C.C

ဒီတလော တောင်ငူကျောင်းနဲ့ ကျောင်းတက်ခဲ့ရတဲ့နေ့တွေကို တော်တော်သတိရနေတယ်...

မိုးတွင်းမှာ အသွားအလာ ခက်နေခဲ့တာတွေရော...
ဆောင်းတွင်းမှာ ကျောင်းကို လမ်းလျှောက်သွားတာရော...
ကျောင်း Canteen ရှိစုမဲ့စုလေးမှာ လက်ဖက်ထမင်းနဲ့ ...(or) ထမင်းကြော် ... ကို မနက်စာ၊ နေ့လယ်စာ စားခဲ့တာတွေကော.....
.......
သတိရစရာတွေက အများကြီးပါပဲ...
ပြန်စဉ်းစားမိတိုင်း... အဲ.. မဟုတ်သေးဘူး .. ပြန်မစဉ်းစားဘဲ ခေါင်းထဲ သူ့ဘာသူ ရောက်ရောက်လာတာ...
အဲဒီ အချိန်တိုင်း မှာ ကြက်သီးထတယ်... စိတ်က အရမ်းစဉ်းစားလို့လားမသိဘူး...
တောင်ငူ ကို အဆောင်နေကျောင်းတက်ရတဲ့ အခြေအနေမျိုးကို ချက်ချင်းပြန်ရောက်သွားတယ်...

ခုလည်း စည်သူလွင် ရဲ့ နေ၀င်ချစ်သူ သီချင်း ကို နားထောင်ဖို့ စဖွင့်လိုက်တာနဲ့
တီးလုံး မြူးမြူးလေး ကို စကြားတာနဲ့
ကျောင်းစတက်တုန်းက Fresher Welcome မှာ ဂိမ်းဆော့တာကို သတိရသွားပြန်ရော...
( စိတ်က တော်တော်ထိန်းရခက်ပါလား...
ဒီတလော ကျောင်းကို တော်တော့်ကို သတိရနေတယ်...
အတွေးထဲရောက်လာတိုင်းလည်း တကယ့်ကို တောင်ငူအဆောင်ကို ပြန်ရောက်သွားသလိုပဲ...
ဒီမှာနေနေတယ် ဆိုတာ လုံးဝမေ့သွားတယ်...
လူလည်း ငါးနှစ်ခြောက်နှစ်လောက်ပြန်ငယ်သွားတယ်... ကျောင်းတက်တုန်းက အချိန်တွေပေါ့... )

(နေ၀င် ချစ်သူ သီချင်းနားထောင်ရင်း စိတ်ရောက်သွားတာက...)
ကျောင်းမှာ ပထမဆုံး ဘက်ခ်ျ က စီနီယာ အစ်ကို အစ်မတွေ လုပ်ပေးတဲ့
Fresher Welcome မှာ ဂိမ်းဆော့တာ.. Group လေးခု ...
တစ်ဖွဲ့နှစ်ယောက်နှုန်းနဲ့ ရှစ်ယောက်ထွက်ပီး .. ခုံကို ခုနစ်လုံး ၀ိုင်းထားထား...
အဲ့ခုံကို လူတွေ(ရှစ်ယောက်)က ပတ်နေရတယ်...
သီချင်းတီးလုံး စဖွင့်ထားပြီး လူတွေက ထိုင်ခုံအ၀ိုင်းတန်းအလိုက် လမ်းလျှောက်နေရတယ် ... တီးလုံးကို ပိတ်လိုက်တာနဲ့ .. ခုံတွေကို အသည်းအသန် လုထိုင်ရတာလေ... နောက်ကျလို့ ခုံမရလိုက်တဲ့ လူတစ်ယောက်က ထွက်...
နောက် round ကျတော့ ခုနစ်ယောက်ပဲ ကျန်ရော...ခုံလည်း တစ်လုံးလျှော့.. ခြောက်လုံးပေါ့...
အဲလိုနဲ့ အားလုံး တ၀ါးဝါး၊ တပျော်တပါး ဆော့ကျတာ .. နောက်ဆုံး (မှတ်မိသေးတယ် ) တစ်ဖွဲ့ထဲကပဲ နှစ်ယောက် .. စီနီယာအစ်မကြီးနှစ်ယောက်.. ကျန်လို့ သူတို့ အဖွဲ့ အနိုင်ရသွားတာ...
( ဒီဂိမ်းက ပျော်ပွဲရွှင်ပွဲတွေတိုင်းမှာ ကစားနေကြဂိမ်းဖြစ်မယ်ထင်ပါတယ်.. အားလုံးသိပြီးသားဖြစ်မှာပါ... )

ဘာဖြစ်မှန်းမသိဘူး... ခုတလော ... (အရင်ကလည်း မကြာမကြာပါပဲ...) တီးလုံး အဲလို နည်းနည်း မြူးမြူးကြွကြွ လေးတွေ စနားထောင်မိတာနဲ့ အဲ့အချိန်ကို သွားသတိရရောပဲ...
ကိုယ့်ဘာကိုယ်လည်း ကောလိပ်ရောက်ခါစ ကလေးလေးလို ပြန်ဖြစ်ဖြစ်သွားတယ်... :D
အရမ်းကို အပူအပင်ကင်းခဲ့တဲ့ အချိန်တွေပါပဲ.....

သတိရတယ် တောင်ငူ GCC ရယ်...
အခု မင်းတို့ အဆောင်တွေမှာ GTC ကလူတွေရောက်နေပြီ ဆို...
ငါတို့ ကို ကော သတိရသေးလား ...
ကျောင်းသားသစ်တွေက ငါတို့လို မလိမ်မာဘူးမလား... ? :D

တောင်ငူက သယ်ရင်းတွေလည်း ဒီပို့စ်ကို ဖတ်မိရင် ကျောင်းတုန်းက အချိန်တွေကို ပြန်အမှတ်ရမယ် လို့ ယုံကြည်ပါတယ်...

ကျောင်းကို အချစ်ဆုံး ၂ batch က ငယ်တို့ ထိပ်ဆုံး ၂ batch ပဲ မဟုတ်လား...
အထူးသဖြင့် စီနီယာ အစ်ကို၊ အစ်မတွေပေါ့...
တစ်ခုခုဆို ကိုယ့် အစ်ကိုအစ်မတွေလို သွားဂျီကျလိုက် ...
ငိုယိုလိုက်... မေးလိုက်မြန်းလိုက်လုပ်နေကျ ငယ့်ကိုလည်း တစ်ခါတစ်ခါတော့ သတိရကြမယ်လို့မျှော်လင့်ပါတယ်...း)

အခုဆို အားလုံးက တစ်ယောက်တစ်နေရာမှာ... စီနီယာတွေနဲ့လည်း အကုန်လုံးနဲ့ အဆက်အသွယ်မရှိတော့ဘူး....
အဆင်ပြေတဲ့အခါ ၊ အခွင့်ရတဲ့ အခါ ပြန်ဆုံချင်ပါသေးတယ်...
Sai Sai ရဲ့ "သူငယ်ချင်းများစွာ" သီချင်းကိုလည်း အရင်ကလို အားလုံးတူတူ သံပြိုင် ဆိုချင်ပါသေးတယ်...
"လွမ်းရယ်မပြေ "... သီချင်းကို လည်း
အားလုံး ၀ိုင်းထိုင်ပြီး လက်ခုပ်သံပြိုင်တီးပြီး feeling အပြည့်နဲ့ ပြန်ဆိုချင်ပါသေးတယ်...
အခွင့်ရမယ်ဆိုရင်...
......
အခွင့်ရမယ်ဆိုရင်...ပေါ့..လေ.......။ ။

( Dedicated with Remembrance to our Alma mater "Taung-Ngu G.C.C" )
and ... of course, To my seniors & friends, too.

Wednesday, December 26, 2007

တယူသန် - 19:18 II

Ta Yu Than - 19:18 II

(မှတ်မှတ်ရရ တောင်ငူမှာ ဒုတိယနှစ်လို့ထင်တယ် )
အခွေ စထွက်ကတည်း က
အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပါ...
ဒီမှာ ပြန် share လိုက်ပါတယ်...

တယူသန်
နေ့တွေလဟောင်း... လတွေနှစ်ပြောင်း
ဒီနေ့ထက်ထိတို့မေ့မရတဲ့သူ
ရင်ခွင်မှာ အချစ်စစ်အတွက် အမှတ်တရတွေ အများကြီးနဲ့
တယူသန်စွာ မင်းနဲ့ တစ်နေ့နေ့တွေ့ဖို့စိတ်ကူး

ကိုယ့်အချစ်ရာ ဝေးလည်းဝေးရော
ကိုယ့်မနက်တွေ အလွမ်းနဲ့ ပြည့်နှက်
ညတိုင်းကိုယ် အိပ်စက်မရခဲ့
အချိန်ရှိတိုင်းမျက်ရည်လည်
ရှင်သန်စရာ နှလုံးသားလေးမင်း
အစားထိုးလို့မရတော့တဲ့နောက်
အော် နေ့တွေ ညတွေ အချိန်တိုင်းတို့ရူး
ကိုယ့်အချစ်ရာ ဝေးလည်းဝေးရော …

နေ့တွေ လဟောာင်း လတွေနှစ်ပြောင်း
ဒီနေ့ထက်ထိ တို့မေ့မရသေးသူ
ရင်ခွင်မှာ အချစ်စစ်အတွက် အမှတ်တရတွေ အများကြီးနဲ့
တယူသန်စွာ မင်းနဲ့ တစ်နေ့နေ့တွေ့ဖို့စိတ်ကူး
အချစ်လေးရေ ဝေးလည်းဝေးရော
ကိုယ့်မနက်တွေ အလွမ်းနဲ့ ပြည့်နှက်
ညတိုင်းကိုယ် အိပ်စက်မရခဲ့
အချိန်ရှိတိုင်း မျက်ရည်လည်
ရှင်သန်ရာ နှလုံးသားလေးမင်း
အစားထိုးလို့မရတော့ပါဘူး
နေ့တွေ ညတွေ အချိန်တိုင်းတို့ရူး

ကိုယ့်အချစ်ရာ ဝေးလည်းဝေးရော
ကိုယ့်မနက်တွေ အလွမ်းနဲ့ပြည့်နှက်
ညတိုင်းကိုယ် အိပ်စက်မရခဲ့
မဖြေဆည်နိုင်ဘူး
ရှင်သန်ရာ နှလုံးသားလေးမင်း
အစားထိုးလို့မရတော့တဲ့နောက်
အော် နေ့ရယ် ညရယ် အချိန်တိုင်းတို့ရူး

ကိုယ့်အချစ်ရာ စွဲလန်းခြင်းက ခံနိုင်တာထက်များလွန်းနေတယ်
မင်းရဲ့အချစ်ထပ်မရလို့ မဖြစ်ဘူးကွယ်
ဖြေနိုင်စရာ အကြောင်းလည်း မရှိ
ကိုယ့်အလွမ်းတွေမင်းက မသိ
တယူသန်စွာ မင်းနဲ့ တစ်နေ့နေ့ တွေ့ဖို့စိတ်ကူး



Saturday, December 22, 2007

Guang Liang - Tong Hua MTV

Tong Hua (MTV) ...ပါ..
Youtube က နေ ယူထားပါတယ်...
သီချင်းစာသားတွေရယ်...၊ MTV က သရုပ်ဆောင်ချက်တွေရယ် ဟာ... အတော် ထိခိုက်ခံစားရစေတဲ့ သီချင်းလေးပါ...
Enjoy!



Sunday, December 2, 2007

Quotable Quotes

" လူ့ဘ၀မှာ အရေးအကြီးဆုံးက သမီး တကယ်လေ့လာတယ်၊ ကြိုးစားတယ်၊ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်ခဲ့တယ် လို့ ကိုယ့်ဘာသာ လက်ခံနိုင်ဖို့ပဲ။ အဲဒါဆိုရင် ကိတ်စ တစ်ခု ပြီးမြောက်အောင် စွမ်းဆောင်နိုင်ပြီ ဆိုတဲ့သဘော။ အဲဒါဟာ အရေးကြီးတယ်။ အောင်မြင်တယ် လို့ ပြောကြတာ၊ သူတစ်ပါးတွေ ကိုယ့်ကို ချီးကျူးကြတာ၊ ဒါတွေလဲ ကောင်းပါတယ်။ အရသာ ရှိပါတယ်။ ဒါပေမယ့် ကိတ်စတစ်ခုပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုလောက် တန်ဖိုးမရှိဘူး။ ကျေနပ်အားရစရာလည်း မကောင်းဘူး။ အဲဒီတော့ အောင်မြင်တယ် မအောင်မြင်တယ်ဆိုတာတွေကို အသာဘေးဖယ်ထား၊ ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစား။ "
___________________________________________________________

" သေသေချာချာကြည့် သမီး၊ မြို့လယ်ကွက်လပ်ကို ရောက်အောင် သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး၊ အများကြီး ရှိတယ်။ လူ့ဘ၀မှာလည်း ထိုနည်းလည်းကောင်းပဲ၊ သမီးရည်မှန်းထားတဲ့ပန်းတိုင်ကို ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ် "
___________________________________________________________

ဖေမြင့် ရဲ့ မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား ..ဘာသာပြန်စာအုပ်ထဲက Quotes လေးတွေပါ...

.... အရမ်း ချစ်ခင်လေးစားရိုသေရတဲ့ Teacher တစ်ယောက်နဲ့ ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်လောက်က စကားပြောဖြစ်တယ်...။ တီချယ်ရဲ့ တပည့်အပေါ် ထားတဲ့ စိတ်ထားစေတနာတွေက အခုချိန်ထိ ဒီအတိုင်းပဲ...၊ ဝေးသွားပေမယ့်လည်း တီချယ့် စေတနာမေတ်တာတွေက စိမ်းမသွားဘူး၊ ပြောင်းလဲ မသွားဘူး...။

တီချယ့် ကို ညည်းချင်းတွေပြောမိရာက...
တီချယ့်ဆုံးမစကားတွေ နားထောင်ရင်း...
အားပေးစကားတွေ နားထောင်ရင်း...
လူလည်း ပြန်အားပြည့်လာရင်း.... နဲ့..

ခု ဒီစာစုလေးတွေကို Teacher ကို သတိတရအနေနဲ့ ဒီမှာ လာပြီး save လုပ်လိုက်ပါတယ်...

ကျောင်းစာတွေနဲ့ ရှုပ်နေတဲ့ကြားက သမီးတပည့်တစ်ယောက်ကို အချိန်သေချာပေးပြီး ဂရုတစိုက် စကားပြန်ပြောခဲ့တာ လေးစား၊ အားနာ၊ ကျေးဇူးတင်မိပါတယ် Teacherရေ...

ချစ်တဲ့Teacher အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ...

( Dedicated to My Beloved Teacher Dr. EiEi Hlaing )

Friday, November 16, 2007

သူငယ်ချင်းတစ်ယောက်အကြောင်း

ထူးဆန်းတယ်...
(best friend တစ်ယောက်ကို...)
မနေ့ကပဲ အတော် သတိရနေလို့
တစ်နှစ်က မွေးနေ့ကဒ်မှာ သူရေးပေးထားတဲ့ စာစုလေးတစ်ခုကို
blog မှာ သတိတရ post ကောက်တင်မိတယ်...
( စိတ်ထဲမှာတော့ အမြဲတမ်းလိုလိုရှိပါတယ်.. ဒါပေမယ့် မနေ့ကတော့ တော်တော့်ကို သတိရနေမိတယ်...)
အမြဲတမ်းအဆက်အသွယ်ရှိနေတာ... အခု စာမလာ သတင်းမကြားပါလား ဆိုပြီး စဉ်းစားမိနေတာ...

ဟော.. ဒီနေ့ နေ့ခင်း အပြင်သွားမလို့လုပ်တုန်း သူ အွန်လိုင်းတက်လာတာတွေ့တယ်... အရမ်းအံ့သြသွားတယ်...
(သူက အင်တာနက် သုံးတတ်တဲ့သူမဟုတ်ဘူး... ကိုယ်ဒီရောက်မှ... cafe တွေမှာ အင်တာနက်လာသုံးပါလား စကားပြောရအောင် လို့ ပြောတော့မှ ဂျီမေးလ်/တော့ခ် ကို ဘယ်လိုသုံးရလဲ ဆိုတာလေ့လာတဲ့သူ...)
သူ့ကို တော့ မနေ့က တောင် တော်တော်သတိရနေတာ.. လို့ မပြောဖြစ်လိုက်ပါဘူး..
ကွယ်ရင်မေ့ တွေ့သေအောင်လွမ်း ဆိုပြီး ဖြစ်နေမှာစိုးလို့...

အွန်လိုင်းတွေ့လိုက်ရတာကိုတော့ တော်တော်အံ့သြသွားတယ်...
စိတ်ချင်းဆက်နေသလိုပဲ...
သူလည်း ခရီးတွေထွက်နေလို့ အဆက်အသွယ်ပြတ်သွားတယ်..တဲ့...

တကယ့်ကို best friend ပါပဲ...
ဒီလာမယ်ဆိုတုန်းကလည်း လိုအပ်မယ်ထင်တဲ့ဆေးတွေအားလုံးကို သူပဲ ၀ယ်ပေး၊ အညွှန်းရေးပေး..နဲ့...
ဆေးကျောင်းတက်မယ့် ညီမလေးဖို့ စာကြိုကြည့်ရအောင်
သူ့ စာအုပ်တွေတောင်းပေးပြန်တော့လည်း
သူ့အစ်မ က မကွေးမှာ ဆရာမလုပ်နေတာမို့
သူ့အစ်မဆီကို စာအုပ်တွေ လှမ်းမှာပေးလေရဲ့...
အခု သူ့ဆီကို စာအုပ်တွေလာယူလို့ရပြီ..တဲ့...

ဘာပဲဖြစ်ဖြစ် သူတတ်နိုင်သလောက်
အမြဲ ကူညီနေတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ...

Dear friend,I do remember u a lot.
Do wish everything's going on well with you!!!
Thanks for being my best friend always!!!

Wednesday, November 7, 2007

Mandarin & I

ဒီမှာ တရုတ်စကား ရေရေလည်လည် မပြောတတ်တာ သိပ်စိတ်ညစ်ဖို့ကောင်းပါတယ်...
သူများတွေ အတွက်တော့ အဆင်ပြေမှာပါ...
ကိုယ့်အတွက် တော့ လူက လည်း တရုတ်အစစ်၊ ပုံကလည်း တရုတ်မှန်း အရမ်းသိသာနေတော့ ဘယ်သွားသွား (စာသင်ခန်းထဲမှာက လွဲလို့ပေါ့လေ...) အပြင်မှာ ၊ အထူးသဖြင့် စားတဲ့သောက်တဲ့နေရာမှာ ရံဖန်ရံခါဆိုသလို အရမ်း ဒုတ်ခရောက်ပါတယ်...
ကိုယ့်ပုံစံက Chinese မှန်းသိသာလွန်းနေတော့ ဆိုင်ရှင်တွေ၊ ရောင်းတဲ့သူတွေက တရုတ်လိုပဲ မေးပါတယ်...
Listening ကို basic conversation တွေ နားထောင်တတ်လို့ သူတို့မေးတာကို နားလည်ပါတယ်...
အဲ..အဲ့ဒီမှာ ပြသနာက ပြန်မပြောတတ်တာပါ...
ဘယ်လိုမှ ပါးစပ်ကပြောမထွက်ဘူး...
မေးတဲ့သူက တရုတ်လိုမေး၊ ကိုယ်က English လို ပြန်ဖြေတဲ့အခါမှာ ... ဒီကောင်မလေး တရုတ်ဖြစ်ပြီး တရုတ်လိုမတတ်ဘူးလား ဆိုတဲ့ အကြည့် ... or .. တရုတ်လိုမေးနေတာကို english လိုဖြေတယ်.. ဘိုရူး! ဆို ပြီး ကြည့်တဲ့ အကြည့် က အတော် ခံရပါတယ်...
များသောအားဖြင့် canteen/food stalls တွေမှာ ကိုယ်ဝယ်စားတဲ့ဆိုင်ကသူတွေက အင်္ဂလိပ်လို သိပ် မပြောတတ်တာ တွေ့ရပါတယ်...
နောက်တော့လည်း သူတို့မေးတာ နားလည်ရဲ့သားနဲ့ နားမလည်ဘူး၊ english လိုပဲ ပြောပါ ဆိုပြီး မျက်နှာပူပူနဲ့ပဲ နားမလည်ချင်ယောင်ဆောင်လိုက်တော့တယ်...
နို့မို့ဆို သူတို့ English လိုမရမှန်းသိရဲ့နဲ့..၊ တရုတ်လိုပြောတတ်ရဲ့နဲ့ ဘိုလိုလာမှုတ်နေတယ် ဖြစ်အုံးမယ်...
စိတ်လေတယ်ဝေ့..... အဲဒါလည်း ဒုတ်ခ... ပြီးတော့ ငါနားမလည်ဘူး လို့ ပြောလိုက်တော့ "ဒီကောင်မလေး Chinese ဖြစ်ပြီး တရုတ်လို မတတ်ဘူး... အလကားပဲ .. " ဘာညာ အစရှိသဖြင့် ကိုယ့်ရှေ့မှာပဲ ကိုယ့် အကြောင်း အတင်းတုတ်တာလည်း ခံရသေးရဲ့... ဟူး... စိတ်တိုလိုက်တာ...
တစ်ခါက မနေနိုင်လွန်းလို့ (အဲ့လိုပြောတာကြားတော့) တတ်သမျှမှတ်သမျှနဲ့ .. ငါ နားလည်တယ်..၊ ပြန်မပြောတတ်လို့ပါ.. လို့ .. တရုတ်လို လှမ်းပြောလိုက်တော့ လည်း ဆိုင်ရှင်နှစ်ယောက်က အချင်းချင်း ကြည့်ပြီး ရယ်ကြပြန်ရော...
(ကိုယ့်အသံကိုနားထောင်ပြီးတော့ ) နင် နားလည်ရဲ့သားနဲ့၊ ပြောတတ်ရဲ့သားနဲ့ နားမလည်ချင်ယောင်၊ မတတ်ချင်ယောင်ဆောင်တယ်... ဆိုတဲ့အကြည့်တွေနဲ့လေ... ဟူး... စိတ်ကုန်တယ်... :(

ဒီနေ့ညလည်း ကျောင်းကအပြန် ဘတ်စ် စီးတော့ အကြွေစေ့ထည့်တာ.. ကားသမားက ဘယ်သွားမှာလဲ လို့ တရုတ်လိုမေးတာ.. ကိုယ်က အင်္ဂလိပ်လိုဖြေ... သူက နောက်တစ်ခွန်းပြော.. ကိုယ်က English လိုပြန်ပြော..နဲ့.. သိပ်မကြည်တော့ဘူး... ငါတရုတ်လိုမေးနေတာကို တရုတ်လို အကောင်းပြန်မဖြေဘူး...ဆိုတဲ့ အကြည့်နဲ့... အော်... ခက်ပါလားကွယ်...

အဆောင်မှာလည်း တူတူပဲ... အခန်းဖော်.. Malaysian တရုတ်နဲ့ တရုတ်ပြည်က တရုတ်မ.. သူတို့နှစ်ယောက် မေးမြန်းပြောဆိုနေရင်နားလည်တယ်... သူတို့တရုတ်လိုမေး၊ ကိုယ်အင်္ဂလိပ်လိုဖြေ... ဟုတ်နေတာပဲ...
သူတို့ကလည်း အတော် ပညာလျှိုတယ်... ငါနဲ့အပြောကျင့်ပါ... ငါ့ကို တရုတ်လို အပြောရဲအောင်၊ သွက်အောင် ကျင့်ပေးပါ.. ဆိုတာကို မပြောကြဘူး... နောက်ပိုင်း အင်္ဂလိပ်လိုပဲ ပြောကြတယ်...
အတော် အားကိုးရတဲ့သူတွေ...

... မိမိကိုယ်သာ ကိုးကွယ်ရာ....တဲ့...
ကိုယ့်အပြစ်နဲ့ကိုယ်...
တတ်ထားတဲ့စာတွေကို မသုံးတာကြာတာနဲ့ မေ့ပစ်လိုက်ရော...
အရင်ကဆို အဖတ်ကိုလည်း တော်တော်ဖတ်နိုင်တယ်... ရေးလည်း ရေးတယ်..
အခုတော့.. တကယ့် basic စာလုံးတွေပဲ ဖတ်နိုင်တော့တယ်...
အော်..ဒီစာလုံးတွေ ငါအရင်က သိပါတယ်.. ဆိုတဲ့ အသိပဲ ရှိတော့တယ်... :(

စိတ်ကုန်တယ်...ကိုယ်က ကိုယ့်ဘာကိုယ် ဒီလိုဒုတ်ခရောက်နေရတဲ့ အထဲ ဒီနားထောင်တတ်တာလေးကို ယောက်ျားရင့်မာကြီးတန်မဲ့ J လာပွားနေတဲ့သူတွေကလည်း ရှိသေးတယ်...
ရောက်စက စပ်စုစိန်လုပ်ပြီး လာမေးပြီး ... အေး.. listening တော့ ရတယ်၊ နားလည်တယ် ဆိုတာနဲ့ .. အော်.. နားလည်တယ် ဟုတ်လား.. ဆိုပြီး မျက်စိပျက် မျက်နှာပျက်...
အော်... လူတွေ... လူတွေ...

!_!

စိတ်ညစ်တယ်... :(
ကုန်ပါပြီ... ပိုက်ပိုက်လေးတွေ...
ezlink Card (ကားစီးရင် သုံးတဲ့card ) လေး ဒီနေ့ညနေက ကျောင်းမှာ ပျောက်သွားပြီ...
ဟင့်.. ပိုက်ပိုက်က 16 SGD ကျော်ကျော် ပါသွားတယ်... အဲ့ဒီကတ်ဖိုးက ၅ ကျပ်၊ deposit က ၃ ကျပ်...
သွားပါပြီ... ပိုက်ဆံ နှစ်ဆယ်ကျော် အစိတ်နီးပါး... (totally 24+ SGD !_! )
ကံဆိုးချင်တော့ မနေ့က ကဒ်ထဲမှာ 8 SGD ကျော် ကျန်သေးတာကို အရစ်ရှည်ပြီး တစ်ဆယ် ထပ်ဖြည့်မိတယ်....
အော်... တယ်မိုက်တဲ့ငါ ပါလား... မနေ့ကသာ မဖြည့်မိရင် ဒီလောက်ခံစားရမှာ မဟုတ်ဘူး...
!_!
နှစ်ရက်သုံးရက်လောက် ထမင်းစားချင်စိတ်ပျောက်သွားပြီ... :(
(ဟီး... ကော်ဖီနဲ့မုန့်ပဲ သောက်မှာ.. :D )

Monday, November 5, 2007

vote

မကြာခင် ... ကျောင်းက ကောက်တဲ့ survey သဘောမျိုး...
ဆရာတွေအပေါ် ဝေဖန်၊ vote လုပ်တာမျိုး လာတော့မယ်...

စိတ်ညစ်ပါတယ်... အားလုံးက သူ့ဘာသူ သင်တာ အိုကေနေကြတာပဲ...
မဖြစ်မနေ vote ရမှာ ဆိုတော့ ဘယ်သူ့ကို ရွေးရမလဲ...

Software Project Management ဆရာမလည်း အသင်ကောင်းတာပဲ...
Strategic IS Planning ဆရာလည်း တော်တာပဲ...
Case Studies ဆရာ ကလည်း စာသင်ကောင်းတာပဲ... (အပြောလည်း အတော်ကောင်းတယ်..)
Telecom ဆရာ လည်း တော်နေပြန်တာပဲ...

ဘယ်သူ့ကို vote ရမလဲ...
ဘယ်သူ့ကို မှ မ vote ချင်ဘူး...
တစ်ယောက်ယောက်ကို vote လိုက်ရင်
ကျန်တဲ့ ဆရာ/ဆရာမ သုံးယောက်ကို
အရမ်းအားနာတယ်.... အားလုံးက အသင်ကောင်းနေတာပဲ.....
စိတ်ညစ်ပါတယ်...မ vote လို့လည်း မရဘူး... ဟူးးးးးးးးးး...

မဲနှိုက်လိုက်ရင်ကောင်းမယ်ထင်တယ်...
:D ဟုတ်တယ်... အဲဒါပဲ ကောင်းလိမ့်မယ်...