Showing posts with label Friends. Show all posts
Showing posts with label Friends. Show all posts

Monday, May 26, 2008

Happy 23rd Birthday, Eain!!!

ချစ်သယ်ရင်းလေး 'ED' !



ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ...



P.S.(cheese cake ကို ငါ့အတွက် အများကြီးပိုစားလိုက်နော်.. :P )

Wednesday, March 19, 2008

N Sai Li - ကျေးဇူးပဲ သူငယ်ချင်း


N ဆိုင်းလီ - ကျေးဇူးပဲ သူငယ်ချင်း
( Download here )

သိပ်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ...
အရင်ကလည်း ဒီသီချင်းကို ဘာသာပြန်ရေးဖြစ်ခဲ့ပြီးပြီ...
အခု ချစ်တဲ့ သူငယ်ချင်း(best friend) နှစ်ယောက်ကို သတိရနေတာနဲ့ ဒီသီချင်းလေးကို ပြန်ညည်းနေမိရင်း post လိုက်ပါတယ်...

အမြဲတမ်း အဆင်သင့် ရှိနေတဲ့...
အဆင်မပြေလို့ ညည်းညူတဲ့အခါ ရှောင်မသွားဘဲ အမြဲ အားပေးတတ်တဲ့....
အမြဲတမ်း keep in touch ဖြစ်နေတဲ့...
သူငယ်ချင်း HCH နဲ့ ZMH တို့ ကို သတိတရ ...
သီချင်းစာသားထဲက အတိုင်း...
`အချစ်ဆုံး သူငယ်ချင်းရေ ကျေးဇူးပါပဲ...´ လို့...

I do remember you, friends...
Thanks for being my best friend always!

Thursday, December 27, 2007

Lwann Yel Ma Pyay

လွမ်းရယ် မပြေဘူး ... ကျောင်းသားဘဝ

တောင်ငူမှာ ငယ်တို့ 1999 batch က ( 2nd batch GCC) သူတွေ
တစ်တန်းလုံး ညီညီညာညာ သိပ်ကြိုက်ခဲ့တဲ့သီချင်းလေးပါ...
:D စီနီယာပီသစွာ စာဦးဆောင်လုပ်ဖြစ်မဖြစ်တော့ မသိဘူး...
ဒီသီချင်းကို တော့ ကျောင်းနဲ့ ခွဲရမယ့် နှစ် ( ဖိုင်နယ် နဲ့ ဂုဏ်ထူးတန်း နှစ်တွေမှာ )
အားလုံး သံပြိုင် ကော..၊ တစ်ယောက်တည်းပါ အမြဲ လိုလို အော်နေကြ၊ ဆိုနေကြ...
99 batch တွေ ဆိုကြလွန်းလို့
အငယ်တန်းက သူတွေ ပါ ဓာတ်ကူးသွားကြပြီး
မမောတမ်း ဆိုကြတဲ့ သီချင်းလေးပါ...
(သူတို့[အငယ်တွေ] ကလည်း စာဆိုရင် ဓာတ်က မကူးဘူး.. သီချင်းဆို အကူးခံတယ်၊ အကူးမြန်တယ်.. :D )

တကယ်ပါ...
အခု ဒီစာကို ရေးရင်း... အဲလို ဆိုခဲ့ကြတာကို သတိရရင်း...
စိတ်ထဲမှာ တောင်ငူကို တကယ်ပြန်ရောက်သွားတယ်.....
ကျောင်းမှာ အဲ့အချိန်ကတည်းကလည်း အားလုံးပြောနေကြပါ...
နောင်ကို ငါတို့တွေ ဒီသီချင်းထဲကလို လွမ်းရယ်မပြေ ဖြစ်နေကြမယ်... ဆိုတာလေ...
ပြောခဲ့ကြတဲ့စကားလုံးတွေ က နားထဲမှာ အခုထိ လတ်ဆတ်နေတုန်းပဲ...

ကပ်လျက်အတန်းက ညီမလေးတွေ..( ပုံ့ပုံ့တို့.. စန်ဒါတို့...)
ဒီပေ့ခ်ျကို လာဖတ်ဖြစ်ရင် အစ်မပြောတာကို ထောက်ခံမယ်မဟုတ်လား...! :)

အော်......

ကျောင်းမှာ စိန်ပန်းပင်တွေ မရှိခဲ့ပေမယ့်
ကြင်နာတတ်တဲ့ တီချယ်တွေရှိခဲ့တယ်...
အပိုးကျိုးကျိုး တပည့်တွေ( ငါတို့တွေ) ရှိခဲ့တယ်... (ငါကွ.. ရတုန်းလေး အမှတ်ယူထားမှ...! :D)
နေခေါင်ခေါင်မှာ ကားစောင့်စရာ အရိပ်ခိုစရာ တဲ သေးသေးလေး ၁ ခုရှိတယ်...
ဗိုက်ဆာလာရင် စားစရာ (အနည်းဆုံး အအေးတော့ ကျန်ပါတယ်.. ဘာမှ မရှိဘူးဆိုရင်တောင်ပေါ့လေ...)
ချိနဲ့နဲ့ ဆိုင်လေး (canteen) ၃ ဆိုင်ရှိတယ်...
ဖုန်တထောင်းထောင်းထနေတဲ့ မြေလမ်းလေးရှိတယ်...
မိုးခိုလို့၊ အရိပ်ခိုလို့မရမယ့် အပင် သေးသေးပိစိလေးတွေရှိတယ်...
(တစ်ချို့တွေက ငါတို့စိုက်ခဲ့တာတွေလေ...)
တီချယ်ကြီး ဒေါ်ခင်မှတ် စိုက်စိုက်ထားတဲ့.../ ၀ယ်ထားတဲ့ kiss-me-quick အပင်လေးတွေ ရောင်စုံရှိတယ်...
စာသင်ဆောင် တစ်ထပ်ဆောင် ပုပုလေးတွေ ၃ ခုရှိတယ်...
( တစ်ခါ ရောဂါထပြီး ကျောင်း scene တွေ အများကြီးရိုက်၊ print ထုတ်ပြီး ရန်ကုန်က စာရေးဖော်ရေးဖက် အစ်မ လိုခင်ရတဲ့ မမိုးစက် ကို ပြတော့ ..အဲဒီ စာသင်ဆောင် တစ်ထပ်ဆောင်လေးတွေကြည့်ပြီး
"ဟယ်.. မူလတန်းကျောင်းလေးလား...! " ဆိုလို့.. ငိုချင်သွားတာ မှတ်မိနေသေးတယ်... စိတ်ဆိုးရခက် ငိုရခက်ပေါ့... :D )
ကျောင်းမှာ......
........... ရှိခဲ့တယ်...
................ရှိတယ်...
...............
.................ရှိခဲ့တယ်....

လွမ်းရယ်မပြေဘူး ကျောင်းသားဘ၀ ...ပါပဲလေ....။ ။

လွမ်းရယ်မပြေ

( http://www.mediafire.com/?1u3jcx121cl - Song Oo Hlaing Single version)
( http://www.mediafire.com/?45v4h9tjxjp - with 5 Travellers )
တေးရေး - ဆောင်းဦးလှိုင်

မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ခါစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပခုံးတစ်ဖက်မှာ
အပျော်ဆုံးကျောင်းတက်ချိန်
ငါတို့ကျောင်းသားဘဝ

အဖြူစင်ခဲ့ဆုံး သစ်စာတရားနဲ့
အစောဆုံးအချစ်ရဲ့ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရောက်တော့မယ့် အကြင်နာလမ်းလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတို့တွဲထားရင်းနဲ့...

ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ်မပြေဘူး ကျောင်းသားဘ၀...

ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်ထဲမှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ်မပြေဘူး ကျောင်းသားဘဝ

ငါတို့ကျောင်းသားဘ၀.....

တစ်ခါက ငါ့ချစ်သူ ..
မဆိုင်သလိုသာ တို့လောကလမ်းများထဲမှာ...
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀...

အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀......

ကျောင်းသားဘ၀....................

Remembrance to Taung-Ngu G.C.C

ဒီတလော တောင်ငူကျောင်းနဲ့ ကျောင်းတက်ခဲ့ရတဲ့နေ့တွေကို တော်တော်သတိရနေတယ်...

မိုးတွင်းမှာ အသွားအလာ ခက်နေခဲ့တာတွေရော...
ဆောင်းတွင်းမှာ ကျောင်းကို လမ်းလျှောက်သွားတာရော...
ကျောင်း Canteen ရှိစုမဲ့စုလေးမှာ လက်ဖက်ထမင်းနဲ့ ...(or) ထမင်းကြော် ... ကို မနက်စာ၊ နေ့လယ်စာ စားခဲ့တာတွေကော.....
.......
သတိရစရာတွေက အများကြီးပါပဲ...
ပြန်စဉ်းစားမိတိုင်း... အဲ.. မဟုတ်သေးဘူး .. ပြန်မစဉ်းစားဘဲ ခေါင်းထဲ သူ့ဘာသူ ရောက်ရောက်လာတာ...
အဲဒီ အချိန်တိုင်း မှာ ကြက်သီးထတယ်... စိတ်က အရမ်းစဉ်းစားလို့လားမသိဘူး...
တောင်ငူ ကို အဆောင်နေကျောင်းတက်ရတဲ့ အခြေအနေမျိုးကို ချက်ချင်းပြန်ရောက်သွားတယ်...

ခုလည်း စည်သူလွင် ရဲ့ နေ၀င်ချစ်သူ သီချင်း ကို နားထောင်ဖို့ စဖွင့်လိုက်တာနဲ့
တီးလုံး မြူးမြူးလေး ကို စကြားတာနဲ့
ကျောင်းစတက်တုန်းက Fresher Welcome မှာ ဂိမ်းဆော့တာကို သတိရသွားပြန်ရော...
( စိတ်က တော်တော်ထိန်းရခက်ပါလား...
ဒီတလော ကျောင်းကို တော်တော့်ကို သတိရနေတယ်...
အတွေးထဲရောက်လာတိုင်းလည်း တကယ့်ကို တောင်ငူအဆောင်ကို ပြန်ရောက်သွားသလိုပဲ...
ဒီမှာနေနေတယ် ဆိုတာ လုံးဝမေ့သွားတယ်...
လူလည်း ငါးနှစ်ခြောက်နှစ်လောက်ပြန်ငယ်သွားတယ်... ကျောင်းတက်တုန်းက အချိန်တွေပေါ့... )

(နေ၀င် ချစ်သူ သီချင်းနားထောင်ရင်း စိတ်ရောက်သွားတာက...)
ကျောင်းမှာ ပထမဆုံး ဘက်ခ်ျ က စီနီယာ အစ်ကို အစ်မတွေ လုပ်ပေးတဲ့
Fresher Welcome မှာ ဂိမ်းဆော့တာ.. Group လေးခု ...
တစ်ဖွဲ့နှစ်ယောက်နှုန်းနဲ့ ရှစ်ယောက်ထွက်ပီး .. ခုံကို ခုနစ်လုံး ၀ိုင်းထားထား...
အဲ့ခုံကို လူတွေ(ရှစ်ယောက်)က ပတ်နေရတယ်...
သီချင်းတီးလုံး စဖွင့်ထားပြီး လူတွေက ထိုင်ခုံအ၀ိုင်းတန်းအလိုက် လမ်းလျှောက်နေရတယ် ... တီးလုံးကို ပိတ်လိုက်တာနဲ့ .. ခုံတွေကို အသည်းအသန် လုထိုင်ရတာလေ... နောက်ကျလို့ ခုံမရလိုက်တဲ့ လူတစ်ယောက်က ထွက်...
နောက် round ကျတော့ ခုနစ်ယောက်ပဲ ကျန်ရော...ခုံလည်း တစ်လုံးလျှော့.. ခြောက်လုံးပေါ့...
အဲလိုနဲ့ အားလုံး တ၀ါးဝါး၊ တပျော်တပါး ဆော့ကျတာ .. နောက်ဆုံး (မှတ်မိသေးတယ် ) တစ်ဖွဲ့ထဲကပဲ နှစ်ယောက် .. စီနီယာအစ်မကြီးနှစ်ယောက်.. ကျန်လို့ သူတို့ အဖွဲ့ အနိုင်ရသွားတာ...
( ဒီဂိမ်းက ပျော်ပွဲရွှင်ပွဲတွေတိုင်းမှာ ကစားနေကြဂိမ်းဖြစ်မယ်ထင်ပါတယ်.. အားလုံးသိပြီးသားဖြစ်မှာပါ... )

ဘာဖြစ်မှန်းမသိဘူး... ခုတလော ... (အရင်ကလည်း မကြာမကြာပါပဲ...) တီးလုံး အဲလို နည်းနည်း မြူးမြူးကြွကြွ လေးတွေ စနားထောင်မိတာနဲ့ အဲ့အချိန်ကို သွားသတိရရောပဲ...
ကိုယ့်ဘာကိုယ်လည်း ကောလိပ်ရောက်ခါစ ကလေးလေးလို ပြန်ဖြစ်ဖြစ်သွားတယ်... :D
အရမ်းကို အပူအပင်ကင်းခဲ့တဲ့ အချိန်တွေပါပဲ.....

သတိရတယ် တောင်ငူ GCC ရယ်...
အခု မင်းတို့ အဆောင်တွေမှာ GTC ကလူတွေရောက်နေပြီ ဆို...
ငါတို့ ကို ကော သတိရသေးလား ...
ကျောင်းသားသစ်တွေက ငါတို့လို မလိမ်မာဘူးမလား... ? :D

တောင်ငူက သယ်ရင်းတွေလည်း ဒီပို့စ်ကို ဖတ်မိရင် ကျောင်းတုန်းက အချိန်တွေကို ပြန်အမှတ်ရမယ် လို့ ယုံကြည်ပါတယ်...

ကျောင်းကို အချစ်ဆုံး ၂ batch က ငယ်တို့ ထိပ်ဆုံး ၂ batch ပဲ မဟုတ်လား...
အထူးသဖြင့် စီနီယာ အစ်ကို၊ အစ်မတွေပေါ့...
တစ်ခုခုဆို ကိုယ့် အစ်ကိုအစ်မတွေလို သွားဂျီကျလိုက် ...
ငိုယိုလိုက်... မေးလိုက်မြန်းလိုက်လုပ်နေကျ ငယ့်ကိုလည်း တစ်ခါတစ်ခါတော့ သတိရကြမယ်လို့မျှော်လင့်ပါတယ်...း)

အခုဆို အားလုံးက တစ်ယောက်တစ်နေရာမှာ... စီနီယာတွေနဲ့လည်း အကုန်လုံးနဲ့ အဆက်အသွယ်မရှိတော့ဘူး....
အဆင်ပြေတဲ့အခါ ၊ အခွင့်ရတဲ့ အခါ ပြန်ဆုံချင်ပါသေးတယ်...
Sai Sai ရဲ့ "သူငယ်ချင်းများစွာ" သီချင်းကိုလည်း အရင်ကလို အားလုံးတူတူ သံပြိုင် ဆိုချင်ပါသေးတယ်...
"လွမ်းရယ်မပြေ "... သီချင်းကို လည်း
အားလုံး ၀ိုင်းထိုင်ပြီး လက်ခုပ်သံပြိုင်တီးပြီး feeling အပြည့်နဲ့ ပြန်ဆိုချင်ပါသေးတယ်...
အခွင့်ရမယ်ဆိုရင်...
......
အခွင့်ရမယ်ဆိုရင်...ပေါ့..လေ.......။ ။

( Dedicated with Remembrance to our Alma mater "Taung-Ngu G.C.C" )
and ... of course, To my seniors & friends, too.

Monday, December 24, 2007

Don't Matter - Akon

Don't Matter - Akon ( Download here)

Akon ရဲ့ နာမည် အကြီးဆုံးသီချင်းတွေထဲက တစ်ပုဒ်ပါ...
ဒီသီချင်းကို သိနေတာကြာပေမယ့် နာမည်နဲ့ အဆိုတော်နဲ့ မတွဲမိဘူးဖြစ်နေတာ...
ဟိုတလောကမှ Padonma Music Request မှာ တစ်ယောက် သီချင်းတောင်းထားတာကို ရှာပေးရင်းနဲ့မှ... အော်.., Don't Matter က ဒီသီချင်းနာမည်ကိုး... ဆိုပြီးသိတော့တယ်... :D
Eain ရေ...
ငါကလည်း ဝေးပါ့...
နင်လည်း ဒီသီချင်း Ringtone ထည့်ထားတာကို နင့်ကိုလည်း သီချင်းနာမည် မမေးမိဘူး ...
( နင့်ဆီ ဖုန်းခေါ်ရင် နားထောင်ကောင်းကောင်းနဲ့ပဲ ဆက်နားထောင်နေတယ်...
နာ့သူငယ်ချင်းတယ်တော်ပါလား.. ပေါ့လေ.. ဟိ.. နာကြိုက်တဲ့ သီချင်းကို ထည့်ထားတယ်ပေါ့... :D :P )
ငါလည်း Ringtone change မယ် ဆိုတာ မchange ဖြစ်ဘူး... ဒီနေ့တော့ Christmas နေ့ အမှတ်တရ ချိန်းလိုက်ပြီ... :D ( ဆိုင်ဆိုင် မဆိုင်ဆိုင်ဟာ... change ပြီးပြီ ... )

သီချင်းစာသားပါ Save လိုက်ပြီ... :)


Akon Lyrics
Don't Matter Lyrics


(To My dear friend 'Eain' ...)