Sunday, June 10, 2007

အမည်ပြောင်းခြင်း - မင်းလူ

ဆရာ မင်းလူ ရဲ့ ကဗျာလေးတစ်ပုဒ် ပါ...
နှစ်သက်မိတာကြောင့် ဒီမှာ မျှဝေပေးလိုက်ပါတယ်...
ခံစားကြည့်ကြပါဦး...

" အမည်ပြောင်းခြင်း "

ခေါင်းငုံနေတာ
ဦးညွှတ်ချင်လို့မဟုတ်ပါ

ငြိမ်နေတာ
ကြောက်ရွံနေလို့မဟုတ်ပါ

အရှုံးပေးတာ
မနိုင်လို့ မဟုတ်ပါ

သင်၏
အောက်သို့ကွေးညွှတ်၍တရွရွလှုတ်နေသော
နှုတ်ခမ်းလေးကြောင့်လည်းကောင်း

စိုးရိမ်နေသောမျက်ဝန်းများကြောင့်လည်းကောင်း

တစ်ကုဗစင်တီမီတာခန့်ရှိသော
မျက်ရည်တစ်စက်ကြောင့်လည်းကောင်း

အရာရာတို့၌
ခံပြင်းစွာနာကျည်းစွာ
ဒေါသဖြစ်စွာ
အရှုံးပေးလိုက်ပါသည်

ထို့ကြောင့်
ကျွန်တော်မောင်မင်းလူ(W/RGN 002587) အား
ယနေ့မှစ၍
နွားကြီးဟုခေါ်ပါရန်

မင်းလူ

1 comment:

Admin said...

hello na na
nwar kyi lo call mal naw