Friday, June 15, 2007

Imagine Cup Awarding Ceremony

ဒီနေ့ နေ့လယ်က Microsoft ရဲ့ Imagine Cup awarding ceremony ကို သွားတက်ဖြစ်တယ်...
Singapore Polytechnic က ကောင်လေးတွေ Team အရွေးခံရတယ်... Singapore ကိုယ်စားပြုအသင်းပေါ့....
August 2007 မှာ ကိုရီးယား မှာ ကျင်းပမယ့် World Imagine Cup ပြိုင်ပွဲ ကို Singapore ကိုယ်စားပြု အနေနဲ့သွားပြိုင်ရမှာ...
Temasak Polytechnic က ကောင်မလေးတွေ Team က 1st Runner-up လိုက်တယ်...
2nd Runner-up က တော့ Nanyang Poly က ကောင်လေးတွေ.....

ဆုကြေညာခါနီးတော့ အရမ်း ရင်ခုန်ဖို့ကောင်းတာပဲ....
ဘာမှ မဆိုင်တဲ့ ပရိသတ်..ကိုယ်တောင် .. သူတို့ ၃ ဖွဲ့ ထဲမှာ ဘယ်အဖွဲ့ များ ရမလဲ... ဆိုပြီး... စိတ်လှုပ်ရှားမိနေသေးတယ်....
ကာယကံရှင်တွေ ...အထူးသဖြင့် မိန်းကလေးအဖွဲ့ ဆို... တော်တော်လေး ရင်ခုန်နေကြမှာ....
ပြီးတော့ ပိုဆိုးတာက အဲဒီ မိန်းကလေး Team က ပရိသတ်တွေ Vote လုပ်တဲ့ ဆု ကို ရထားတယ် ဆိုတော့ နိုင်ငံကိုယ်စားပြု ဆု ကိုလည်း မျှော်လင့်နေကြမှာပဲလေ....Vote အရေအတွက် 25000+ နဲ့ People's Choice award ....ရသွားတယ်...တဲ့....

:D ကံကောင်းချင်တော့ .. Microsoft က Lucky-draw အဖြစ် Window Vista CD 5 ချပ်ကို မဲဖောက်ပေးတာ... တစ်ချပ် ရလိုက်တယ်..... ဟီး.... ၀ယ်စရာလိုတော့ဘူး ..... ကောင်းလေစွ... ကောင်းလေစွ... ;-D .... CD ပေးတဲ့ Microsoft ကို ဒီ ဘလော့ဂ် ကနေ ..... ကျေးဇူး..........

No comments: