Sunday, June 10, 2007

UCSY vs. NUS

ဒီမှာ ကျောင်းတက်တော့... မားသားကျောင်းတော်ကြီး ယူစီအက်စ်ဝိုင် ကို
မကြာခဏ ဆိုသလို ... သတိရ တယ်...

နေပူပူ ၊ ဖုန်ထူထူ ကွင်းပြင်ထဲမှာ ရှိနေတဲ့ .. သုံးထပ်ဆောင်ကျောင်းတော်ကြီးရယ်...၊
ကျောင်းမှာ စားသောက်နေကျး ကဲန်တင်း တွေရယ်...၊
တူးဝမ်းတူး ကို တစ်စီးလွတ်သွားရင် ..နောက်တစ်စီးလာဖို့ ...တမျှော်တခေါ်စောင့်ရတာတွေရယ်.....
..........သတိရစရာတော့ အများကြီးပဲ...

အခုဒီမှာတော့... အဲဒီဒုတ်ခတွေ လုံးဝ ငြိမ်းသွားပြီ...
ကျောင်းတက်ရတာ အရမ်းအေးချမ်းတယ်...
ကျောင်းဝင်းကြီး က ...စိမ်းလို့ စိုလို့... လှလည်းလှတယ်...
Student တွေ အတွက် Resource လည်း အပြည့်အ၀ ပဲ...
နေရာအားလုံးက Air-conditioned ဆိုတော့... ပူလောင်အိုက်စပ်နေတာတွေမရှိတော့ဘူး...

လိုင်ဘရီ ကလည်း... Resource က စုံတယ်...
ကိုယ့် ဘက်က ဖတ်နိုင် ဖို့၊ ငှားနိုင်ဖို့ သာ အရေးကြီးတယ်...

ပြီးတော့ ဒီမှာ ဆရာ၊ဆရာမတွေက စာကို သင်တာထက် ... ဆွေးနွေးကြ တာ၊ မေးမြန်းကြတာ များတယ်..
ရန်ကုန်မှာတုန်းက ဆို... တီချယ်တွေက ... ကြိုးစားပမ်းစား..သင်ကြ၊ရှင်းကြတယ်...
ဒီမှာ အဲလို ဟုတ်ဘူး... အားလုံး ဟာ... ကိုယ်လုပ်မှ ကိုယ် ရတာ...
ရန်ကုန်မှာတုန်းက အခြေအနေက... ငှက်ပျောသီးကို အခွံခွာပြီးသား၊ စားရုံပဲ...

အဲန်ယူအက်စ်(NUS) မှာ တော့ .. `ဟော..ဟိုမှာ ငှက်ပျောပင်ဟေ့..သွားပြီး ကောင်းတာခူးပြီး..စားကြ..´ ...
ဆိုတာမျိုး ပေါ့...
အနီးစပ်ဆုံးက တော့ အဲလို ဥပမာ ပေးရမယ်ထင်တယ်.....

ဘာပဲပြောပြော.. ဒီရောက်ပြီးမှ... ကိုယ့်အားကိုယ်ကိုး စိတ် အပြည့် ရှိလာတာတော့ အမှန်ပဲ...
နားမလည်ရင် ကိုယ့် ဟာကိုယ် ကြိုးစားလုပ်ယူ မယ်... ဆိုတာမျိုးပေါ့...
ရန်ကုန်မှာတုန်းက ဆို ဘယ်သူ့ကို မေးလို့ ရမလဲ... ဆိုတဲ့ အတွေးတွေ ရှိနေခဲ့တယ်...

လိုရင်းပြောရရင်တော့ (ရွှေထိုက် သီချင်း မဟုတ်ဘူးနော်... :D ) ... မားသား ကျောင်းတော်ကြီးကို သတိရသလို...ဒုတိယ မားသား... NUS .... ကို လည်း အရမ်း ချစ်တယ်... ဆိုတာပါပဲ... :-)

( ရှေ့ က ပြီးသွားတဲ့ စီနီယာ အစ်မတစ်ယောက်က တော့ ...
ယူစီအက်စ်ဝိုင် မှာ ပျော်တယ် တဲ့....
ဒီကျောင်းမှာ သိပ် မပျော်ဘူး ..လို့ ပြောတယ်...
သူတို့ တက်ရတုန်းက... လှိုင်ကျောင်းထဲ မှာ ကိုး...
ပြောအား ရှိတာပေါ့... ပျော်အား ရှိ မှာ ပေါ့လေ....
လှော်ကား မှာဆို...အဲဒီလို ပြောနိုင်မှာ မဟုတ်ဘူး........ )

No comments: