Monday, June 11, 2007

ညည်းချင်းမဟုတ်သော

တောင်ငူမှာ ကျောင်းတက်တုန်းက.. သူငယ်ချင်းတွေနဲ့ ကဗျာစာအုပ်စုထုတ်တုန်းက...
ရေးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ပါ...
ဒီ နေရာမှာ အမှတ်တရ ပြန် share ထားလိုက်ပါတယ်...
အခု ပြန်ဖတ်ကြည့်တော့...
စကားလုံးတချို့ကို ပြင်ချင်တာရှိပေမယ့်..
တောင်ငူကျောင်း အမှတ်တရ... ဖြစ်အောင်..
အဲဒီတုန်းက ကဗျာစာအုပ်မှာ ပါတဲ့အတိုင်း ပဲ...
ပြန်ရိုက်ပြီး တင်လိုက်ပါတယ်.....။ ။
ညည်းချင်းမဟုတ်သော

ဝင်းမာစော(ရေနီ)

ရင်ဘတ်ထဲမှာ

ဒဏ်ရာဆူးခင်းတွေချည်း
အတိပြီးနေတာလေ...
ခလုတ်ကန်သင်းတွေနဲ့သာ
စတွေ့ခဲ့ရတဲ့ ငါ့ဘဝ
ဘယ်တော့မှများ
လှပလာမလဲ.....?


နှလုံးသားနုနုနယ်နယ်က
အထိအခိုက်တွေမျိုးစုံနဲ့
ကွဲကြေမွစာကြဲနေရဲ့
တစိုက်မတ်မတ်ငါဝတ်လာခဲ့တဲ့
ဇွဲဖိနပ်ကလည်း
စုတ်ပြတ်သပ်နေပေါ့...
ဖိနပ်အသစ်လဲဖို့ကောင်းပြီ
ယုံကြည်ချက်ဘဏ္ဍာစိုးဆီ
အကူအညီတောင်းပြန်တော့
သူ့ခမျာမှာလည်း
ခပ်ယဲ့ယဲ့ပါ..ရယ်..တဲ့..လေ...။


ရောက်နေရာမှာပဲ
လက်လျော့ရပ်နေတော့မလား...
ကိုယ့်ဖာသာပြန်မေးရင်း
ဝန်းကျင်ကိုလှည့်ကြည့်
ခရီးအဖော်ညှိ မယ်လုပ်တော့
ဘယ်သူမှမရှိ
ကန်တာရ ဒီခရီးမှာ (...<< face="Arial" color="#330033">ငါတစ်ယောက်တည်းရယ်...။


လျှောက်လာတဲ့ ဒီခရီး
တစ်ဝက်ကျော်ပြီး
ရောက်လုနီးပြီ
အင်း...နီးတော့ နီးပြီ
ဒီလိုအားတင်း
ဖြေသိမ့်ရင်းနဲ့ပဲ
အမှောင်ညတွေအကြိမ်ကြိမ်ဖြတ်
ဇွဲဖိနပ်ရှိစုမဲ့စုလေးကို
အထပ်ထပ်ပြင်ထေး
မုန်တိုင်းမျိုးစုံရဲ့ထိုးနှက်ဒဏ်
ယုံကြည်ချက်နဲ့ကြံ့ကြံ့ခံရင်း
ဆက်...ဆက် လို့ လျှောက်ခဲ့တာ
ဟော..ဟိုမှာ..ပန်းတိုင်ရယ်
(အခု)
ငါ့ မြင်ကွင်းမှာ တွေ့နေရပြီ။


ရင်ထဲက...အပျော်တွေ တလိပ်လိပ်လျှံတက်လာ
သောကတွေ အမောတွေ
အကုန်ပျောက်သွားပေါ့။
ကိုယ့်အရင်ရောက်နှင့်သူများနဲ့
အတွေ့အကြုံတွေ ပြောဆိုဖလှယ်ရင်း
ငါ့အမြင်အာရုံမှာ
ထင်းထင်းရှင်းရှင်းပေါ်နေတာက
ပန်းတိုင်ရောက်အောင် လျှောက်ဖြစ်စေခဲ့တဲ့
`ဇွဲ´ဖိနပ်ကလေးရယ်
ရင်ထဲက ယုံကြည်ချက်ကလေးရယ်...လေ
မင်းတို့ကို... ငါ
ကျေးဇူး...
ကျေးဇူး.. က(မ်)ဘာ ပါ...နော် !


Winn Mar Saw(Yeni)

3 comments:

Admin said...

a ha`
i m win maw oo(YENI)

NK said...

Hi,
A Ma Nge Nge, I'm NayKha from padonma. Just get your page don't know how. ;) I Like this one very much! Very Very I Like. I'd like to type Myanmar font than Eng. But here I can't. I love your page n i'll visit often.

Be Happy!

N g e N g e said...

Hi, little brother,
Thanks for visiting my blog.
I wrote many poems ( not very much...but quite a lot) while I was in my undergraduate studies.
I'll try to post them again here soon. :-)
Thanks for your visit!

Best regards,
ma nge2