လွမ်းရယ် မပြေဘူး ... ကျောင်းသားဘဝ
တောင်ငူမှာ ငယ်တို့ 1999 batch က ( 2nd batch GCC) သူတွေ
တစ်တန်းလုံး ညီညီညာညာ သိပ်ကြိုက်ခဲ့တဲ့သီချင်းလေးပါ...
:D စီနီယာပီသစွာ စာဦးဆောင်လုပ်ဖြစ်မဖြစ်တော့ မသိဘူး...
ဒီသီချင်းကို တော့ ကျောင်းနဲ့ ခွဲရမယ့် နှစ် ( ဖိုင်နယ် နဲ့ ဂုဏ်ထူးတန်း နှစ်တွေမှာ )
အားလုံး သံပြိုင် ကော..၊ တစ်ယောက်တည်းပါ အမြဲ လိုလို အော်နေကြ၊ ဆိုနေကြ...
99 batch တွေ ဆိုကြလွန်းလို့
အငယ်တန်းက သူတွေ ပါ ဓာတ်ကူးသွားကြပြီး
မမောတမ်း ဆိုကြတဲ့ သီချင်းလေးပါ...
(သူတို့[အငယ်တွေ] ကလည်း စာဆိုရင် ဓာတ်က မကူးဘူး.. သီချင်းဆို အကူးခံတယ်၊ အကူးမြန်တယ်.. :D )
တကယ်ပါ...
အခု ဒီစာကို ရေးရင်း... အဲလို ဆိုခဲ့ကြတာကို သတိရရင်း...
စိတ်ထဲမှာ တောင်ငူကို တကယ်ပြန်ရောက်သွားတယ်.....
ကျောင်းမှာ အဲ့အချိန်ကတည်းကလည်း အားလုံးပြောနေကြပါ...
နောင်ကို ငါတို့တွေ ဒီသီချင်းထဲကလို လွမ်းရယ်မပြေ ဖြစ်နေကြမယ်... ဆိုတာလေ...
ပြောခဲ့ကြတဲ့စကားလုံးတွေ က နားထဲမှာ အခုထိ လတ်ဆတ်နေတုန်းပဲ...
ကပ်လျက်အတန်းက ညီမလေးတွေ..( ပုံ့ပုံ့တို့.. စန်ဒါတို့...)
ဒီပေ့ခ်ျကို လာဖတ်ဖြစ်ရင် အစ်မပြောတာကို ထောက်ခံမယ်မဟုတ်လား...! :)
အော်......
ကျောင်းမှာ စိန်ပန်းပင်တွေ မရှိခဲ့ပေမယ့်
ကြင်နာတတ်တဲ့ တီချယ်တွေရှိခဲ့တယ်...
အပိုးကျိုးကျိုး တပည့်တွေ( ငါတို့တွေ) ရှိခဲ့တယ်... (ငါကွ.. ရတုန်းလေး အမှတ်ယူထားမှ...! :D)
နေခေါင်ခေါင်မှာ ကားစောင့်စရာ အရိပ်ခိုစရာ တဲ သေးသေးလေး ၁ ခုရှိတယ်...
ဗိုက်ဆာလာရင် စားစရာ (အနည်းဆုံး အအေးတော့ ကျန်ပါတယ်.. ဘာမှ မရှိဘူးဆိုရင်တောင်ပေါ့လေ...)
ချိနဲ့နဲ့ ဆိုင်လေး (canteen) ၃ ဆိုင်ရှိတယ်...
ဖုန်တထောင်းထောင်းထနေတဲ့ မြေလမ်းလေးရှိတယ်...
မိုးခိုလို့၊ အရိပ်ခိုလို့မရမယ့် အပင် သေးသေးပိစိလေးတွေရှိတယ်...
(တစ်ချို့တွေက ငါတို့စိုက်ခဲ့တာတွေလေ...)
တီချယ်ကြီး ဒေါ်ခင်မှတ် စိုက်စိုက်ထားတဲ့.../ ၀ယ်ထားတဲ့ kiss-me-quick အပင်လေးတွေ ရောင်စုံရှိတယ်...
စာသင်ဆောင် တစ်ထပ်ဆောင် ပုပုလေးတွေ ၃ ခုရှိတယ်...
( တစ်ခါ ရောဂါထပြီး ကျောင်း scene တွေ အများကြီးရိုက်၊ print ထုတ်ပြီး ရန်ကုန်က စာရေးဖော်ရေးဖက် အစ်မ လိုခင်ရတဲ့ မမိုးစက် ကို ပြတော့ ..အဲဒီ စာသင်ဆောင် တစ်ထပ်ဆောင်လေးတွေကြည့်ပြီး
"ဟယ်.. မူလတန်းကျောင်းလေးလား...! " ဆိုလို့.. ငိုချင်သွားတာ မှတ်မိနေသေးတယ်... စိတ်ဆိုးရခက် ငိုရခက်ပေါ့... :D )
ကျောင်းမှာ......
........... ရှိခဲ့တယ်...
................ရှိတယ်...
...............
.................ရှိခဲ့တယ်....
လွမ်းရယ်မပြေဘူး ကျောင်းသားဘ၀ ...ပါပဲလေ....။ ။
လွမ်းရယ်မပြေ
( http://www.mediafire.com/?1u3jcx121cl - Song Oo Hlaing Single version)
( http://www.mediafire.com/?45v4h9tjxjp - with 5 Travellers )
တေးရေး - ဆောင်းဦးလှိုင်
မဆုံနိုင်ပြီလား ဘ၀တွေက
နှလုံးသားနုနု အပျံသင်ခါစအရွယ်
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်
လွယ်အိတ်တစ်လုံး ပခုံးတစ်ဖက်မှာ
အပျော်ဆုံးကျောင်းတက်ချိန်
ငါတို့ကျောင်းသားဘဝ
အဖြူစင်ခဲ့ဆုံး သစ်စာတရားနဲ့
အစောဆုံးအချစ်ရဲ့ ပျော်စရာအိပ်မက်တွေ
နောင်ပြန်မရောက်တော့မယ့် အကြင်နာလမ်းလေးတွေ
အတူလျှောက်ခဲ့ကြတယ်
လက်ဖ၀ါးနုနုကို ငါတို့တွဲထားရင်းနဲ့...
ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ်မပြေဘူး ကျောင်းသားဘ၀...
ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်ထဲမှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ်မပြေဘူး ကျောင်းသားဘဝ
ငါတို့ကျောင်းသားဘ၀.....
တစ်ခါက ငါ့ချစ်သူ ..
မဆိုင်သလိုသာ တို့လောကလမ်းများထဲမှာ...
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀...
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ
အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀......
ကျောင်းသားဘ၀....................
Thursday, December 27, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment