Friday, February 29, 2008

နှောင်ကြိုးလေးတစ်မျှင်

နှောင်ကြိုးလေးတစ်မျှင် - ဘိုဘို

( http://www.mediafire.com/?fmuybjttzb2 )

နှလုံးသားကို ရစ်ဖွဲ့ခဲ့ပြီ ဒီကြိုးလေး
မမြင်နိုင်ဘဲ ရုန်းလို့ မရတော့ဘူး
သူ့ဆွဲငင်အား လွှဲမရနိုင်လို့
ဒီနှောင်ကြိုး ချည်နှောင်မဆုံး...

အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ
ဒီအလှများ အသည်းက ကိုးကွယ်ခဲ့
ဘာကြောင့်ဒါလောက်တောင်များ ရစ်ဖွဲ့နေလဲ
ဒီနှောင်ကြိုး ဖြေပါအုံး....

နှောင်ကြိုးလေးတစ်မျှင်ရယ်
မင်းက မသိပေမယ့်
အိပ်မက်လှလှမက်မယ် ကိုယ် မင်းနဲ့
နှောင်ကြိုးလေးတစ်မျှင်ရယ်
ထပ်တိုးရစ်ချည်ဆဲ
ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့ အသည်း
ဘယ်သူလာမြင်နိုင်မှာလဲ
အကြင်နာတွေ ရောင်ပြန်ပေးကွယ်
ဒီနှောင်ကြိုး ဘယ်ဘ၀အထိရှိနေမလဲ...

အရိပ်တစ်ခုလို တမ်းတမှုဟာ ပြင်မရခဲ့
ဒီရင်ထဲမင်းတစ်ယောက်ထဲကိုပဲ
နှောင်ကြိုးရှင်လေး လှည့်ကြည့်ပါအုံး
ရင်ခုန်ရင်း မျှော်လင့်ခြင်း

အစွဲအလန်းဟာ ဖြတ်တောက်မရအောင်လွန်ကဲနေ
ဒီအလှများ အသည်းက ကိုးကွယ်ခဲ့
ဘာကြောင့်ဒါလောက်တောင်များ ရစ်ဖွဲ့နေလဲ
ဒီနှောင်ကြိုး ဖြေပါအုံး....

နှောင်ကြိုးလေးတစ်မျှင်ရယ်
မင်းက မသိပေမယ့်
အိပ်မက်လှလှမက်မယ် ကိုယ် မင်းနဲ့
နှောင်ကြိုးလေးတစ်မျှင်ရယ်
ထပ်တိုးရစ်ချည်ဆဲ
ခံစားချက်များနဲ့ ပြည့်လျှံနေတဲ့ အသည်း
ဘယ်သူလာမြင်နိုင်မှာလဲ
အကြင်နာတွေ ရောင်ပြန်ပေးကွယ်
ဒီနှောင်ကြိုး ဘယ်ဘ၀အထိရှိနေမလဲ.....


3 comments:

ThinkingHoney said...

နှောင်ကြိုးက တမျှင် က လို့လား
ဟင်း ဟင်း ဟင်း
:)

Unknown said...

သိပ်ကြိုက်တယ်ဗျာ

Unknown said...

သိပ်ကြိုက်တယ်ဗျာ