Saturday, October 20, 2007

A trip to NTU

မနေ့က NTU ကို Form တစ်စောင် တင်ဖို့ သွားဖြစ်တယ်...
၁၇၉ ကားစီးပြီး သွားတာ...
ဟူး....Student Services Centre နဲ့ အနီးဆုံး..လို့ကြားဖူးတဲ့ မှတ်တိုင်မှာ ဆင်းပြီး...
ကိုယ့်ဘာကိုယ် ထင်တဲ့လမ်းအတိုင်းသွားဖို့ဆဲဆဲ မှာ.....
Chinese အတွဲတစ်တွဲ ကို မှတ်တိုင်ကိုလာနေတာတွေ့လို့... ဘယ်လိုသွားရလဲ ဆိုပြီး လမ်းမေးမိပါတယ်.....
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.............. လျှောက်လိုက်ရတာ... သေတော့မတတ်ပဲ.....
နာရီဝက်နီးပါးလောက်လျှောက်လိုက်ရတယ်.....
ပြီးတော့ ကုန်းတက်တွေချည်းပဲ... လျှောက်ရတာ....
အဲဒီ Student Services Centre လည်းရောက်ရော... အသက်ရှုလို့မရတော့ဘူး....
လေးနာရီကလည်းကျော်စပြုနေပြီဆိုတော့... ပိတ်သွားမှာလည်းစိုးတယ်... သွား-မောကြီး ဖြစ်မှာလည်းကြောက်တယ်... ဟူးးးးး.....
တကယ်တော်တော်စိတ်ညစ်သွားတယ်....

အရင်... March လတုန်းက တစ်ခေါက်ရောက်ဖူးပေမယ့်
အဲ့တုန်းက taxi နဲ့သွားတာဆိုတော့ လမ်းကို မမှတ်မိဘူးဖြစ်နေတယ်...
အဲ့ဒါနဲ့ NTU ကျောင်းသားအတွဲကို မေးမိတာပိုဆိုးသွားတယ်...
မှတ်တိုင်နဲ့ SSC နဲ့ က အတော်ဝေးတာပဲ... ဒါပေမယ့် သူတို့ညွှန်တဲ့လမ်းကိုက ပိုပြီးဝေးတယ်.....

မနေ့ကတော့ တကယ့်ကို ကံမကောင်းပါလား...ပဲ...
တော်သေးတယ်...
ကံကောင်းတာတစ်ခုက form တင်လို့ရလိုက်တယ်....
(မပြောကောင်းပြောကောင်း ... ရုံးပိတ်သွားပြီ...ဆိုလို့ကတော့...
တကယ့်ကို မောပြီးရင်းမော..ပဲ... )

တော်တော်စိတ်လေတယ်...
နောက်ကို အဲ့ သွားရင် Taxi နဲ့ပဲသွားတော့မယ်... :(

No comments: