ဆရာ Prof. Bernard Tan ပြောသွားတာလေး မှတ်သားစရာကောင်းတယ်လို့ ခံယူမိတာကြောင့် ဒီမှာ အမှတ်တရ ပြန်ရေးလိုက်ပါတယ်...
ပြောသွားတာ ကြာပြီ... လွန်ခဲ့တဲ့ ၂ လ လောက် က class တစ်ချိန်မှာ ပြောသွားတာ...
ဟိုနေ့ကဆရာပြောတာ တစ်ခု ကို နားထောင်ရင်းမှ ပြန်သတိရမိလို့ ပြန်မမေ့ခင် ဒီမှာပဲ ဒိုင်ယာရီသဘောမျိုး ရေးလိုက်ပါတယ်....
တစ်နေ့က project presentation ထွက်မလုပ်ရခင် ကျောင်းသားတွေက စာမေးပွဲ အကြောင်း ဘာညာဘာညာ မေးလို့ ဆရာက ပြောတယ်...
အောင်မြင်တဲ့ consultant/business executive တစ်ယောက်ဆိုတာ
အတန်းထဲမှာ Grade A+ ရတဲ့သူကို မဆိုလိုဘူး...တဲ့
တကယ့်အလုပ်မှာ Report တွေ အများကြီးရေး...၊ ပိုက်ဆံတွေ ရှာနိုင်တဲ့သူ ၊ အဲ့ဒီ ကနေ income ကောင်းတဲ့သူ ကို ခေါ်တာ... တဲ့...
အတန်းထဲမှာ Grade ဘယ်လောက်ကောင်းနေပါစေ...၊ တကယ့် လက်တွေ့ အလုပ်ခွင်ရောက်လို့
ပိုက်ဆံမရဘူး...မရှာနိုင်ဘူး ဆို အလကားပဲ... တဲ့...
ဒါကြောင့် ဆရာက အားလုံးကို များများတွေး ၊ အထူးသဖြင့် အခု သင်ရတဲ့ Strategic IS Planning module
နဲ့ ပတ်သက်လို့ များများ တွေး... creative idea/ plan များများ ထွက်စေချင်တာလေ.....
.......
ပြောရင်းနဲ့ တကယ်ရေးမယ့် အကြောင်းအရာပျောက်တော့မယ်... :D
ဒီလိုပါ...
ဆရာက ပြောတယ်...
တစ်ခါက Standford Business School မှာ ...တဲ့... ၁၉၅၀-၁၉၆၀ လောက်ကပေါ့...
( MBA အတန်းဖြစ်မယ်ထင်တယ်.... MBA လား MSc(Info: Systems) လားသေချာမသိဘူး...)
ဆရာတစ်ယောက်က ကျောင်းသားတွေကို exam မှာ မေးတယ် ... ကိုယ့်ရဲ့ Business အကြောင်းပေါ့လေ...
ဖြစ်လာနိုင်တဲ့ ... invest လုပ်မယ့် idea/ facts တွေ .. ဖြေခိုင်းတယ်... နောင် ဖြစ်လာနိုင်တဲ့ business အကြောင်းပေါ့... popular ဖြစ်လာနိုင်တဲ့ ....ကျယ်ပြန့်လာနိုင်တဲ့လုပ်ငန်းပေါ့လေ...
(ဟီး.. ဆရာပြောတာကို သေချာမမှတ်မိတော့ဘူး..exam လား၊ assignment လား သေချာမသိတော့ဘူး.. လိုရင်း main idea ပဲ သိတော့လို့... ကွဲလွဲချက်တွေရှိ ရင် ဒီစာရေးသူရဲ့ အပြစ်ပါ လို့...)
အဲ.. အဲဒါ ကျောင်းသားတစ်ယောက်က Shoes တွေ လုပ်ငန်း ထွန်းကားလာနိုင်တယ်...
Shoes တွေကို ဘောလုံးကန်ဖို့အတွက် shoes , Tennis/ကြက်တောင်ရိုက်ဖို့အတွက် shoes , လမ်းလျှောက်ရင် ၀တ်ဖို့ shoes, ပြေးရင်(အပြေးပြိုင်ရင်) စီးဖို့ အတွက် shoes, ... စသဖြင့်ပေါ့လေ...
အဲလိုတွေ ဖြစ်လာနိုင်တယ်... ဒါကြောင့် Shoes Business လုပ်သင့်ပါတယ်... လို့ ဖြေလိုက်သတဲ့.....
အဲဒါ စစ်တဲ့ဆရာက ... မဖြစ်နိုင်ဘူး... ဖိနပ်ဆိုတာ တစ်ရံ ရှိရင် ရပြီပေါ့... လူတွေက ဖိနပ်ကို ဒါလောက် care မလုပ်ပါဘူး... ဆိုပြီး တွေးသတဲ့...
(အဲဒီအချိန်တုန်းက (1950 ၀န်းကျင်လောက်ကလည်း ) ဖိနပ်တွေက အခုခေတ်လို ခေတ်မှ မစားသေးပဲကိုး...တဲ့.. ငယ်တို့ဆရာပြောပြတာပါ...)
ဒါနဲ့ ဆရာ က အဲ့ဒီ အဖြေ (assignment/ answer) ကို Grade 'D' ပဲ ပေးလိုက်သတဲ့.. (သနားပါတယ်နော်..)
ဒီလိုနဲ့ပဲ .. အဲဒီကျောင်းသားလည်း ကျောင်းပြီးသွားသတဲ့...
သူက ကျောင်းပြီးတော့ သူ့ ရေးတဲ့အတိုင်း သူ့စီးပွားရေးကို Shoes Business ကို လုပ်ကိုင်ပါသတဲ့...
ပထမဆုံး ဘောလုံးကန်ဖိနပ်တွေ စပြီး ထုတ်တယ် ...
ဆိုင်တွေကို လိုက်ဖြန့်တယ်...
နောက် ..အတော် အိုကေလာတော့ ဆိုင်ခွဲတွေ ဖွင့်ဖို့လုပ်တယ်.....
နောက်တော့ အပြေးပြိုင်ရင် ၀တ်ဖို့ ဖိနပ်...၊ ကြက်တောင်ရိုက်တာအတွက် ဖိနပ်.....etc ...
တစ်မျိုးပြီး တစ်မျိုး ဆက်ထုတ်လုပ်ပါသတဲ့...
ဒီလိုနဲ့ပဲ အဲဒီကျောင်းသားရဲ့ shoes business ဟာ ကဘာတစ်ဝှမ်း အနှံ့နာမည်ကျော်ကြားလာပါသတဲ့.....
အဲဒီသူက အောင်မြင်တဲ့ businessman ဖြစ်သွားတယ်ပေါ့လေ...
[ Hey, Guess!.. what brand can it be??? :) ]
ဒါနဲ့ နောက်ပိုင်း သူအောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာ Standford Business School (သူတက်ခဲ့တဲ့ကျောင်း) မှာ နှစ်စဉ် Guest Talk/Lecture အဖိတ်ခံရပြီး လာ ဟောပြောလေ့ရှိပါတယ် ...တဲ့လေ.....
အဲ... အဲဒီသူ ...၊ Grade D ပဲ ရတယ် ဆိုတဲ့ကျောင်းသားက တော့ NIKE ဖိနပ်တွေကို စတင်ထုတ်လုပ်သူ NIKE ရဲ့ founder /(president) ပဲ ဖြစ်ပါသတဲ့....
NIKE brand ဆိုတာ အခု worldwide famous ပဲလေ...
ငယ်တို့ ဆရာပြောပြတဲ့ ဇာတ်လမ်းက ဒီမှာဆုံးပါတယ်...
ဒါကြောင့် ဆရာက နောက်ဆုံးမှာ ဒီလို အဆုံးသတ်ပါတယ်...
"ဒါကြောင့် မင်းတို့လည်း ဆရာ စာမေးပွဲမှာ Grade ပေးမိတာ မှားလို့ အဲ့ဒီကျောင်းသားလိုမျိုး Grade မကောင်းခဲ့ရင် လည်း ... ငါတို့ကျောင်း (ဒီ NUS) မှာ Guest Lecture/Talk တွေ နောင်တစ်ချိန်မှာ talkပြန်လာပေးနိုင်သူဖြစ်အောင် ကြိုးစားကြပါ..."... တဲ့...
ဆရာပြောပြတဲ့ အဲ့ဒီ nike founder အကြောင်း ကြားလိုက်ရတာ အရမ်းအားတက်သွားတယ်...
ကိုယ့် Grade က A+ သာ မရတာ... အဲလို ကြီး မဆိုးသေးဘူးလေ... သာမန်ပလပ်စ်( သင့်+)လောက်တော့ ရ ရနေသေးတယ်...
ငါရော အဲလို အောင်မြင်တဲ့သူ ဘာလို့ မဖြစ်နိုင်ရမှာလဲ...
ငါလည်း အများကြီးကြိုးစားရမယ်...
တစ်ဆင့်ပြီးတစ်ဆင့်ပေါ့... bla bla bla... အတွေးတွေ ၊ စိတ်ကူးတွေ အများကြီးရလိုက်ပါတယ်...
အဲဒီနေ့ က ပြောပြတဲ့ ဒီအကြောင်းအရာလေးအတွက် Professor Bernard Tan ကို အထူးကျေးဇူးတင် မိပါတယ်...
ဆရာ့ကို လည်း ဒီနေရာကနေ၊ ဒီပို့စ်လေးတစ်ခုနဲ့ ရိုသေစွာ ဂါရ၀ပြုလိုက်ရပါကြောင်း...။ ။
Monday, November 5, 2007
Subscribe to:
Post Comments (Atom)
1 comment:
အရမ်းကောင်းတဲ့ လက်ချာလေးပါ... ပြတဲ့ဥပမာကလည်း ပါရမီတို့ ငယ်တို့လို ကျောင်းသား/သူတွေအတွက် အားတက်စရာလေးပါ... ဘာလို့လည်းဆိုတော့ ဂရိတ်(A+)က အမြဲတမ်းမှမရတာဘဲကိုးး... ခုလိုမျှဝေပေးတာ ရှဲ့ရှယ့် ညီမလေး... ပါရမီလည်း အားတက်သွားပြီ... ငယ့်လိုပဲ bla bla bla အတွေးပေါင်းများစွာနဲ့ ခေါင်းထဲ တန်းဝင်လာတာပဲ..ဟီးးးး - တွေးရင်းနဲ့ လက်တွေ့ဖြစ်လာနိုင်အောင် ကြိုးစားလိုက်ဦးမည်။ ;;).
Have a good day & Thks again.
Post a Comment