Friday, November 16, 2007

သူငယ်ချင်းတစ်ယောက်အကြောင်း

ထူးဆန်းတယ်...
(best friend တစ်ယောက်ကို...)
မနေ့ကပဲ အတော် သတိရနေလို့
တစ်နှစ်က မွေးနေ့ကဒ်မှာ သူရေးပေးထားတဲ့ စာစုလေးတစ်ခုကို
blog မှာ သတိတရ post ကောက်တင်မိတယ်...
( စိတ်ထဲမှာတော့ အမြဲတမ်းလိုလိုရှိပါတယ်.. ဒါပေမယ့် မနေ့ကတော့ တော်တော့်ကို သတိရနေမိတယ်...)
အမြဲတမ်းအဆက်အသွယ်ရှိနေတာ... အခု စာမလာ သတင်းမကြားပါလား ဆိုပြီး စဉ်းစားမိနေတာ...

ဟော.. ဒီနေ့ နေ့ခင်း အပြင်သွားမလို့လုပ်တုန်း သူ အွန်လိုင်းတက်လာတာတွေ့တယ်... အရမ်းအံ့သြသွားတယ်...
(သူက အင်တာနက် သုံးတတ်တဲ့သူမဟုတ်ဘူး... ကိုယ်ဒီရောက်မှ... cafe တွေမှာ အင်တာနက်လာသုံးပါလား စကားပြောရအောင် လို့ ပြောတော့မှ ဂျီမေးလ်/တော့ခ် ကို ဘယ်လိုသုံးရလဲ ဆိုတာလေ့လာတဲ့သူ...)
သူ့ကို တော့ မနေ့က တောင် တော်တော်သတိရနေတာ.. လို့ မပြောဖြစ်လိုက်ပါဘူး..
ကွယ်ရင်မေ့ တွေ့သေအောင်လွမ်း ဆိုပြီး ဖြစ်နေမှာစိုးလို့...

အွန်လိုင်းတွေ့လိုက်ရတာကိုတော့ တော်တော်အံ့သြသွားတယ်...
စိတ်ချင်းဆက်နေသလိုပဲ...
သူလည်း ခရီးတွေထွက်နေလို့ အဆက်အသွယ်ပြတ်သွားတယ်..တဲ့...

တကယ့်ကို best friend ပါပဲ...
ဒီလာမယ်ဆိုတုန်းကလည်း လိုအပ်မယ်ထင်တဲ့ဆေးတွေအားလုံးကို သူပဲ ၀ယ်ပေး၊ အညွှန်းရေးပေး..နဲ့...
ဆေးကျောင်းတက်မယ့် ညီမလေးဖို့ စာကြိုကြည့်ရအောင်
သူ့ စာအုပ်တွေတောင်းပေးပြန်တော့လည်း
သူ့အစ်မ က မကွေးမှာ ဆရာမလုပ်နေတာမို့
သူ့အစ်မဆီကို စာအုပ်တွေ လှမ်းမှာပေးလေရဲ့...
အခု သူ့ဆီကို စာအုပ်တွေလာယူလို့ရပြီ..တဲ့...

ဘာပဲဖြစ်ဖြစ် သူတတ်နိုင်သလောက်
အမြဲ ကူညီနေတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ...

Dear friend,I do remember u a lot.
Do wish everything's going on well with you!!!
Thanks for being my best friend always!!!

No comments: