Sunday, November 4, 2007

အညှာ

အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ...
ကဗျာကောင်းလေးတွေဆိုရင် ကူးယူစုဆောင်းတတ်တဲ့ ၀ါသနာကြောင့်
Notes-book ထဲမှာ အမြဲ ကူးကူးရေးထားဖြစ်ခဲ့ပါတယ်...
အခု သတိရတာနဲ့ ဒီ ဘလော့ဂ် ပေါ်မှာ ရော
ငယ့်လိုပဲ ကဗျာ နှစ်သက်သူများ
ခံစားနိုင်အောင်လို့ ပြန် share ရင်း
ပြန် Save လိုက်ပါတယ်...။
အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်..... :)
အညှာ

အသီးတစ်ရာနဲ့

အညှာလှနေတဲ့

ဆရာဘ၀ပါကွယ်။


သီးကင်းတွေ
ကြီးပြင်းကာ ပနံရဖို့
အာဟာရ ဖြည့်စွမ်းမယ်။

ဝင်းဖန့်ဖန့်
ဆင်းအလှနဲ့
သင်းပျံ့တဲ့ရနံ့တွေကြွယ်
အလှဝေတယ် ရှုမဆုံး။

အညှာပြတ်စေတော့
ဘွာခတ်ကာ ဘယ်မငြင်းပါဘု
လေပြင်းတွေ ဘယ်လိုမွှေလို့
လေပွေတွေ ဘယ်ပုံကြမ်းသော်လည်း
သည်စခန်း သည်ပင်အိုမှာ
သည်သီးပျို အညှာဘ၀နဲ့
(ကွယ်...)
ဘ၀တစ်သက်လုံး ။ ။

( အ.ထ.က ရင်းငြိမ် သို့ အမှတ်တရ )

နေနိုင်(ပင်လယ်ပြာ)

(ပညာတန်ဆောင် - ၂၀၀၂ ၊ အောက်တိုဘာလ ထုတ် - မှ)

No comments: