Monday, November 5, 2007

LEO III

သြဂုတ် ၁၁၊၁၂၊၁၃၊၁၄၊၁၅၊၁၆၊၁၇၊၁၈ ရက်နေ့တွင် မွေးသောသူများသည် သိဟ်ရာသီ၏ အမြင့်ဆုံး အထွတ်အထိပ်ပိုင်းသို့ ရောက်ရှိနေသော LEO III များ ဖြစ်သည်။ ဦးဆောင်မှုပေးနိုင်သော Leadership များအဖြစ် သတ်မှတ်သည်။ မည်သည့်အခြေအနေ၊ မည်သည့် ဘ၀အဆင့်မှ စတင်ရသည်ဖြစ်စေ ထိတွေ့နေသော ဘ၀အဆင့်တွင် အလိုအလျောက် ဦးဆောင်ရသူ ဖြစ်မည်။ အခက်အခဲ၊ ပြသနာများကို လည်း မိမိဦးဆောင်မှုဖြင့် ဖြေရှင်းနိုင်စွမ်း ရှိသည်။ ရဲရဲရင့်ရင့် အရာရာကို ရင်ဆိုင်ရွေ့ ပိုင်နိုင်ပြတ်သားစွာ ဆောင်ရွက်နိုင်သူများဖြစ်သည်။ စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ တပါးသူပေးသော အကြံဥာဏ် မယူလို၊ အရာရာ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်နှင့်သာ လုပ်လိုသည်။ ကိုယ်ပြောသည့်စကား၊ ကိုယ်လုပ်သည့်လုပ်ငန်း၊ ဆိုထားသည့်ကတိ များအပေါ် တာဝန်ယူ ထိန်းသိမ်းနိုင်သည်။

[ ၂၀၀၈ စံဇာဏီဘို ၁၂ ရာသီဟောကိန်း သိဟ်ရာသီ ... စာအုပ် မှ ]