Friday, November 23, 2007

Move on and on and on!

အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ....
ဘယ်က ကူးထားမှန်း မမှတ်မိတော့ဘူး...
email ထဲမှာ draft နဲ့ save ထားတာဆိုတော့...
လာလည်တဲ့ သူငယ်ချင်းတွေအားလုံး ကို share လိုက်ပါတယ်...

**********************************************


despite the challenges you face
despite the hurdles that chase
you need to move on and on and on


despite the failures you come across
despite the innumerable loss
you still need to dance on the rhythm of the song


life has never been a bed of roses
melancholies and failures will definitely poke their noses
but don't worry - they don't last long.


opportunities come - opportunities go
but they do knock your door
remain conscious always - or else they are gone.

nothing is impossible
for impossible itself says I'm possible
try once - attempts won't go forlorn.


set aside your distractions
as it would drive you away from your ambition
learn to run against all storms.


never lose hope - never give up
nip your pessimism in the bud
you'll definitely lead and succeed - just move on and on and on !

______________________________________________

Sunday, November 18, 2007

Singapore Under the dark sky - 18th Nov, 2007





Just taken these photos now... from the window of my room.
It's going to rain, and the sky is so dark ...

Saturday, November 17, 2007

To My Beloved Teacher

ငယ် အရမ်းလေးစားချစ်ခင်ရတဲ့ တီချယ်နဲ့ Gtalk မှာ မနေ့ကညနေ နဲ့ ညက စကားတွေပြောဖြစ်တယ်...
အခုတက်နေတဲ့ ကျောင်း၊ အလုပ်အတွက် စိတ်ပူနေဖြစ်တာရယ် ... ၊ ဟိုတလောက ပရောဂျက်မှာ မတည့်တော့ စိတ်တိုနေတာရယ် ကြောင့် စိတ်ရှုပ်နေတာ...
တီချယ့် အားပေးစကားတွေကြောင့် အတော်အားရှိသွားတယ်...
တီချယ်လည်း ကျောင်း စာတွေနဲ့ မအားတဲ့ကြားက သမီးကို အချိန်သေချာပေးပြီး ဂရုတစိုက်ပြောခဲ့တာ...
အဲ့ဒီအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ် တီချယ်ရေ...

ရိုသေလေးစားချစ်ခင်ရတဲ့ တီချယ် ပျော်ရွှင်ချမ်းမြေ့ပါစေ...

(တီချယ် Dr. Eiei Hlaing သို့ ..... ရိုသေစွာ ကန်တော့ရင်း ...)

Friday, November 16, 2007

Shin Kwell - KFA

Shin Kwell - KFA

ပြန်လိုချင်တယ်

ပြန်လိုချင်တယ်



ရောင်စုံဘောလုံး ရောင်စုံဘောလုံး
တစ်လုံးငါးပြား... တစ်လုံးငါးပြား...
ကြိုက်တဲ့အရောင်ရွေးပါ ... ကြိုက်တဲ့အရောင်ရွေးပါ...
တစ်လုံးငါးပြား... တစ်လုံးငါးပြား...

..................
ဟီး... ငယ် တို့ ဂေါက်သွားပြီလား မသိဘူး.. လို့ မထင်ကြပါနဲ့ ရှင်....

KFA ရဲ့ ပြန်လိုချင်တယ် ...ဆိုတဲ့သီချင်းထဲက စာသားလေးတွေပါ....

နားထောင်ကြည့်ကြပါအုံးနော်....

သူငယ်ချင်းတစ်ယောက်အကြောင်း

ထူးဆန်းတယ်...
(best friend တစ်ယောက်ကို...)
မနေ့ကပဲ အတော် သတိရနေလို့
တစ်နှစ်က မွေးနေ့ကဒ်မှာ သူရေးပေးထားတဲ့ စာစုလေးတစ်ခုကို
blog မှာ သတိတရ post ကောက်တင်မိတယ်...
( စိတ်ထဲမှာတော့ အမြဲတမ်းလိုလိုရှိပါတယ်.. ဒါပေမယ့် မနေ့ကတော့ တော်တော့်ကို သတိရနေမိတယ်...)
အမြဲတမ်းအဆက်အသွယ်ရှိနေတာ... အခု စာမလာ သတင်းမကြားပါလား ဆိုပြီး စဉ်းစားမိနေတာ...

ဟော.. ဒီနေ့ နေ့ခင်း အပြင်သွားမလို့လုပ်တုန်း သူ အွန်လိုင်းတက်လာတာတွေ့တယ်... အရမ်းအံ့သြသွားတယ်...
(သူက အင်တာနက် သုံးတတ်တဲ့သူမဟုတ်ဘူး... ကိုယ်ဒီရောက်မှ... cafe တွေမှာ အင်တာနက်လာသုံးပါလား စကားပြောရအောင် လို့ ပြောတော့မှ ဂျီမေးလ်/တော့ခ် ကို ဘယ်လိုသုံးရလဲ ဆိုတာလေ့လာတဲ့သူ...)
သူ့ကို တော့ မနေ့က တောင် တော်တော်သတိရနေတာ.. လို့ မပြောဖြစ်လိုက်ပါဘူး..
ကွယ်ရင်မေ့ တွေ့သေအောင်လွမ်း ဆိုပြီး ဖြစ်နေမှာစိုးလို့...

အွန်လိုင်းတွေ့လိုက်ရတာကိုတော့ တော်တော်အံ့သြသွားတယ်...
စိတ်ချင်းဆက်နေသလိုပဲ...
သူလည်း ခရီးတွေထွက်နေလို့ အဆက်အသွယ်ပြတ်သွားတယ်..တဲ့...

တကယ့်ကို best friend ပါပဲ...
ဒီလာမယ်ဆိုတုန်းကလည်း လိုအပ်မယ်ထင်တဲ့ဆေးတွေအားလုံးကို သူပဲ ၀ယ်ပေး၊ အညွှန်းရေးပေး..နဲ့...
ဆေးကျောင်းတက်မယ့် ညီမလေးဖို့ စာကြိုကြည့်ရအောင်
သူ့ စာအုပ်တွေတောင်းပေးပြန်တော့လည်း
သူ့အစ်မ က မကွေးမှာ ဆရာမလုပ်နေတာမို့
သူ့အစ်မဆီကို စာအုပ်တွေ လှမ်းမှာပေးလေရဲ့...
အခု သူ့ဆီကို စာအုပ်တွေလာယူလို့ရပြီ..တဲ့...

ဘာပဲဖြစ်ဖြစ် သူတတ်နိုင်သလောက်
အမြဲ ကူညီနေတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ...

Dear friend,I do remember u a lot.
Do wish everything's going on well with you!!!
Thanks for being my best friend always!!!

Thursday, November 15, 2007

---

ငါ့ရဲ့ ငယ်ဘ၀ အိပ်မက်တွေ
မပြည့်ဝသေးဘူးလား
ဒီမနက်ခင်း နှင်းတွေလို ...


( ဂျူး - တိမ်နဲ့ချည်တဲ့ကြိုး ... မှ ... )

Quotable Quotes

Say 'yes' until you believe it,
Discover your talents,
Be your own person,
Follow new paths,
Stand up for your beliefs .....

(...quoted from my best friend H.C.H[IM2].....)

Thanks for those words on my previous previous birthday, my dear friend...
Where r u now? I do remember you.
Pls drop some lines to me when you have some time.

Monday, November 12, 2007

Be Thankful

If you find it hard to sleep tonight,just remember the homeless family who has no bed to lie in.

If you have a bad day at work, think of the man who has been out of work for three months.

If you complain that you don't have a pair of new shoes this year, think of the person who doesn't have feet.

If you find yourself stuck in traffic, don't despair. There are people in this world for whom driving is an unheard of privilege.

If you notice a new gray hair in the mirror, think of the cancer patient in chemotherapy who wishes she had hair to examine.

Poet : Unknown

( from : TOP - March, 2005 )

Sunday, November 11, 2007

Nice lyrics!

When I dream about you


There are some things I guess I'll never know
When you love someone,
you gotta learn to let them go

When I dream about you,
That's when everything's alright
.............................................
When I dream about you,
... you'll never go away
Just close my eyes
Wait for my dreams
coz I'm still lov...loving you.....

အငိုတိတ်ပါတော့

သူငယ်ချင်းတစ်ယောက်ဆီက ဖတ်ရတဲ့စာစုလေး
ကြိုက်တာနဲ့ ဒီမှာကူးပြီးတင်လိုက်ပါတယ်...
ဒီကဗျာလေးကို share တဲ့ ညီမလေး အိမ့်သွေးနီ ကို ကျေးဇူးပါ.......။

အငိုတိတ်ပါတော့


အစကတည်းက
မျက်ရည်တွေနဲ့...။

ကလိထိုးတုန်း ခဏ
ရယ်နေတာပါ...။

ဘိုသစ်နိုင်

Thursday, November 8, 2007

Songs Selection Sharing

Songs Selection

အားလုံးက နာမည်ကြီးခဲ့တဲ့ သီချင်းတွေပါ...
တော်တော်များများမှာ ရှိပြီးသား၊ သိပြီးသားသီချင်းတွေဖြစ်မှာပါ...
တစ်ပုဒ်တစ်လေ မရှိခဲ့ရင် Download လုပ်လို့ရအောင် ဒီမှာပဲ Share လိုက်ပါတယ်...
(:D post အသစ်ရေးရမှာ+စာကြည့်ရမှာ ပျင်းနေတာနဲ့... )

Chinese song 1

Chinese Song 2

Chinese Song 3

I will always love you - Kenny Rogers & Dolly Parton

I will always love you - Dolly Parton

Westlife - To Be With You

My Everything

Top of the world - Carpenters

Man against the world - Survivor ( မျိုးကြီး - အဆိပ်ခွက် )

I will come to you - Hanson

Hello Darling

Close - Westlife

It's your love

We belong to the sea

Anywhere for you - BSB

No me ames

Like a rose

I'm gonna be around

Miss you finally - Trademark

Like a child - BSB

Don't say you love me - The Corrs

We could be in love - Lea Salonga & Brad Kane

Everytime you cry

Lonely

Bring it all back

Wednesday, November 7, 2007

Mandarin & I

ဒီမှာ တရုတ်စကား ရေရေလည်လည် မပြောတတ်တာ သိပ်စိတ်ညစ်ဖို့ကောင်းပါတယ်...
သူများတွေ အတွက်တော့ အဆင်ပြေမှာပါ...
ကိုယ့်အတွက် တော့ လူက လည်း တရုတ်အစစ်၊ ပုံကလည်း တရုတ်မှန်း အရမ်းသိသာနေတော့ ဘယ်သွားသွား (စာသင်ခန်းထဲမှာက လွဲလို့ပေါ့လေ...) အပြင်မှာ ၊ အထူးသဖြင့် စားတဲ့သောက်တဲ့နေရာမှာ ရံဖန်ရံခါဆိုသလို အရမ်း ဒုတ်ခရောက်ပါတယ်...
ကိုယ့်ပုံစံက Chinese မှန်းသိသာလွန်းနေတော့ ဆိုင်ရှင်တွေ၊ ရောင်းတဲ့သူတွေက တရုတ်လိုပဲ မေးပါတယ်...
Listening ကို basic conversation တွေ နားထောင်တတ်လို့ သူတို့မေးတာကို နားလည်ပါတယ်...
အဲ..အဲ့ဒီမှာ ပြသနာက ပြန်မပြောတတ်တာပါ...
ဘယ်လိုမှ ပါးစပ်ကပြောမထွက်ဘူး...
မေးတဲ့သူက တရုတ်လိုမေး၊ ကိုယ်က English လို ပြန်ဖြေတဲ့အခါမှာ ... ဒီကောင်မလေး တရုတ်ဖြစ်ပြီး တရုတ်လိုမတတ်ဘူးလား ဆိုတဲ့ အကြည့် ... or .. တရုတ်လိုမေးနေတာကို english လိုဖြေတယ်.. ဘိုရူး! ဆို ပြီး ကြည့်တဲ့ အကြည့် က အတော် ခံရပါတယ်...
များသောအားဖြင့် canteen/food stalls တွေမှာ ကိုယ်ဝယ်စားတဲ့ဆိုင်ကသူတွေက အင်္ဂလိပ်လို သိပ် မပြောတတ်တာ တွေ့ရပါတယ်...
နောက်တော့လည်း သူတို့မေးတာ နားလည်ရဲ့သားနဲ့ နားမလည်ဘူး၊ english လိုပဲ ပြောပါ ဆိုပြီး မျက်နှာပူပူနဲ့ပဲ နားမလည်ချင်ယောင်ဆောင်လိုက်တော့တယ်...
နို့မို့ဆို သူတို့ English လိုမရမှန်းသိရဲ့နဲ့..၊ တရုတ်လိုပြောတတ်ရဲ့နဲ့ ဘိုလိုလာမှုတ်နေတယ် ဖြစ်အုံးမယ်...
စိတ်လေတယ်ဝေ့..... အဲဒါလည်း ဒုတ်ခ... ပြီးတော့ ငါနားမလည်ဘူး လို့ ပြောလိုက်တော့ "ဒီကောင်မလေး Chinese ဖြစ်ပြီး တရုတ်လို မတတ်ဘူး... အလကားပဲ .. " ဘာညာ အစရှိသဖြင့် ကိုယ့်ရှေ့မှာပဲ ကိုယ့် အကြောင်း အတင်းတုတ်တာလည်း ခံရသေးရဲ့... ဟူး... စိတ်တိုလိုက်တာ...
တစ်ခါက မနေနိုင်လွန်းလို့ (အဲ့လိုပြောတာကြားတော့) တတ်သမျှမှတ်သမျှနဲ့ .. ငါ နားလည်တယ်..၊ ပြန်မပြောတတ်လို့ပါ.. လို့ .. တရုတ်လို လှမ်းပြောလိုက်တော့ လည်း ဆိုင်ရှင်နှစ်ယောက်က အချင်းချင်း ကြည့်ပြီး ရယ်ကြပြန်ရော...
(ကိုယ့်အသံကိုနားထောင်ပြီးတော့ ) နင် နားလည်ရဲ့သားနဲ့၊ ပြောတတ်ရဲ့သားနဲ့ နားမလည်ချင်ယောင်၊ မတတ်ချင်ယောင်ဆောင်တယ်... ဆိုတဲ့အကြည့်တွေနဲ့လေ... ဟူး... စိတ်ကုန်တယ်... :(

ဒီနေ့ညလည်း ကျောင်းကအပြန် ဘတ်စ် စီးတော့ အကြွေစေ့ထည့်တာ.. ကားသမားက ဘယ်သွားမှာလဲ လို့ တရုတ်လိုမေးတာ.. ကိုယ်က အင်္ဂလိပ်လိုဖြေ... သူက နောက်တစ်ခွန်းပြော.. ကိုယ်က English လိုပြန်ပြော..နဲ့.. သိပ်မကြည်တော့ဘူး... ငါတရုတ်လိုမေးနေတာကို တရုတ်လို အကောင်းပြန်မဖြေဘူး...ဆိုတဲ့ အကြည့်နဲ့... အော်... ခက်ပါလားကွယ်...

အဆောင်မှာလည်း တူတူပဲ... အခန်းဖော်.. Malaysian တရုတ်နဲ့ တရုတ်ပြည်က တရုတ်မ.. သူတို့နှစ်ယောက် မေးမြန်းပြောဆိုနေရင်နားလည်တယ်... သူတို့တရုတ်လိုမေး၊ ကိုယ်အင်္ဂလိပ်လိုဖြေ... ဟုတ်နေတာပဲ...
သူတို့ကလည်း အတော် ပညာလျှိုတယ်... ငါနဲ့အပြောကျင့်ပါ... ငါ့ကို တရုတ်လို အပြောရဲအောင်၊ သွက်အောင် ကျင့်ပေးပါ.. ဆိုတာကို မပြောကြဘူး... နောက်ပိုင်း အင်္ဂလိပ်လိုပဲ ပြောကြတယ်...
အတော် အားကိုးရတဲ့သူတွေ...

... မိမိကိုယ်သာ ကိုးကွယ်ရာ....တဲ့...
ကိုယ့်အပြစ်နဲ့ကိုယ်...
တတ်ထားတဲ့စာတွေကို မသုံးတာကြာတာနဲ့ မေ့ပစ်လိုက်ရော...
အရင်ကဆို အဖတ်ကိုလည်း တော်တော်ဖတ်နိုင်တယ်... ရေးလည်း ရေးတယ်..
အခုတော့.. တကယ့် basic စာလုံးတွေပဲ ဖတ်နိုင်တော့တယ်...
အော်..ဒီစာလုံးတွေ ငါအရင်က သိပါတယ်.. ဆိုတဲ့ အသိပဲ ရှိတော့တယ်... :(

စိတ်ကုန်တယ်...ကိုယ်က ကိုယ့်ဘာကိုယ် ဒီလိုဒုတ်ခရောက်နေရတဲ့ အထဲ ဒီနားထောင်တတ်တာလေးကို ယောက်ျားရင့်မာကြီးတန်မဲ့ J လာပွားနေတဲ့သူတွေကလည်း ရှိသေးတယ်...
ရောက်စက စပ်စုစိန်လုပ်ပြီး လာမေးပြီး ... အေး.. listening တော့ ရတယ်၊ နားလည်တယ် ဆိုတာနဲ့ .. အော်.. နားလည်တယ် ဟုတ်လား.. ဆိုပြီး မျက်စိပျက် မျက်နှာပျက်...
အော်... လူတွေ... လူတွေ...

!_!

စိတ်ညစ်တယ်... :(
ကုန်ပါပြီ... ပိုက်ပိုက်လေးတွေ...
ezlink Card (ကားစီးရင် သုံးတဲ့card ) လေး ဒီနေ့ညနေက ကျောင်းမှာ ပျောက်သွားပြီ...
ဟင့်.. ပိုက်ပိုက်က 16 SGD ကျော်ကျော် ပါသွားတယ်... အဲ့ဒီကတ်ဖိုးက ၅ ကျပ်၊ deposit က ၃ ကျပ်...
သွားပါပြီ... ပိုက်ဆံ နှစ်ဆယ်ကျော် အစိတ်နီးပါး... (totally 24+ SGD !_! )
ကံဆိုးချင်တော့ မနေ့က ကဒ်ထဲမှာ 8 SGD ကျော် ကျန်သေးတာကို အရစ်ရှည်ပြီး တစ်ဆယ် ထပ်ဖြည့်မိတယ်....
အော်... တယ်မိုက်တဲ့ငါ ပါလား... မနေ့ကသာ မဖြည့်မိရင် ဒီလောက်ခံစားရမှာ မဟုတ်ဘူး...
!_!
နှစ်ရက်သုံးရက်လောက် ထမင်းစားချင်စိတ်ပျောက်သွားပြီ... :(
(ဟီး... ကော်ဖီနဲ့မုန့်ပဲ သောက်မှာ.. :D )

Monday, November 5, 2007

LEO III

သြဂုတ် ၁၁၊၁၂၊၁၃၊၁၄၊၁၅၊၁၆၊၁၇၊၁၈ ရက်နေ့တွင် မွေးသောသူများသည် သိဟ်ရာသီ၏ အမြင့်ဆုံး အထွတ်အထိပ်ပိုင်းသို့ ရောက်ရှိနေသော LEO III များ ဖြစ်သည်။ ဦးဆောင်မှုပေးနိုင်သော Leadership များအဖြစ် သတ်မှတ်သည်။ မည်သည့်အခြေအနေ၊ မည်သည့် ဘ၀အဆင့်မှ စတင်ရသည်ဖြစ်စေ ထိတွေ့နေသော ဘ၀အဆင့်တွင် အလိုအလျောက် ဦးဆောင်ရသူ ဖြစ်မည်။ အခက်အခဲ၊ ပြသနာများကို လည်း မိမိဦးဆောင်မှုဖြင့် ဖြေရှင်းနိုင်စွမ်း ရှိသည်။ ရဲရဲရင့်ရင့် အရာရာကို ရင်ဆိုင်ရွေ့ ပိုင်နိုင်ပြတ်သားစွာ ဆောင်ရွက်နိုင်သူများဖြစ်သည်။ စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ တပါးသူပေးသော အကြံဥာဏ် မယူလို၊ အရာရာ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်နှင့်သာ လုပ်လိုသည်။ ကိုယ်ပြောသည့်စကား၊ ကိုယ်လုပ်သည့်လုပ်ငန်း၊ ဆိုထားသည့်ကတိ များအပေါ် တာဝန်ယူ ထိန်းသိမ်းနိုင်သည်။

[ ၂၀၀၈ စံဇာဏီဘို ၁၂ ရာသီဟောကိန်း သိဟ်ရာသီ ... စာအုပ် မှ ]

vote

မကြာခင် ... ကျောင်းက ကောက်တဲ့ survey သဘောမျိုး...
ဆရာတွေအပေါ် ဝေဖန်၊ vote လုပ်တာမျိုး လာတော့မယ်...

စိတ်ညစ်ပါတယ်... အားလုံးက သူ့ဘာသူ သင်တာ အိုကေနေကြတာပဲ...
မဖြစ်မနေ vote ရမှာ ဆိုတော့ ဘယ်သူ့ကို ရွေးရမလဲ...

Software Project Management ဆရာမလည်း အသင်ကောင်းတာပဲ...
Strategic IS Planning ဆရာလည်း တော်တာပဲ...
Case Studies ဆရာ ကလည်း စာသင်ကောင်းတာပဲ... (အပြောလည်း အတော်ကောင်းတယ်..)
Telecom ဆရာ လည်း တော်နေပြန်တာပဲ...

ဘယ်သူ့ကို vote ရမလဲ...
ဘယ်သူ့ကို မှ မ vote ချင်ဘူး...
တစ်ယောက်ယောက်ကို vote လိုက်ရင်
ကျန်တဲ့ ဆရာ/ဆရာမ သုံးယောက်ကို
အရမ်းအားနာတယ်.... အားလုံးက အသင်ကောင်းနေတာပဲ.....
စိတ်ညစ်ပါတယ်...မ vote လို့လည်း မရဘူး... ဟူးးးးးးးးးး...

မဲနှိုက်လိုက်ရင်ကောင်းမယ်ထင်တယ်...
:D ဟုတ်တယ်... အဲဒါပဲ ကောင်းလိမ့်မယ်...

Successful IS Consultant ဆိုတာ ...

ဆရာ Prof. Bernard Tan ပြောသွားတာလေး မှတ်သားစရာကောင်းတယ်လို့ ခံယူမိတာကြောင့် ဒီမှာ အမှတ်တရ ပြန်ရေးလိုက်ပါတယ်...

ပြောသွားတာ ကြာပြီ... လွန်ခဲ့တဲ့ ၂ လ လောက် က class တစ်ချိန်မှာ ပြောသွားတာ...
ဟိုနေ့ကဆရာပြောတာ တစ်ခု ကို နားထောင်ရင်းမှ ပြန်သတိရမိလို့ ပြန်မမေ့ခင် ဒီမှာပဲ ဒိုင်ယာရီသဘောမျိုး ရေးလိုက်ပါတယ်....

တစ်နေ့က project presentation ထွက်မလုပ်ရခင် ကျောင်းသားတွေက စာမေးပွဲ အကြောင်း ဘာညာဘာညာ မေးလို့ ဆရာက ပြောတယ်...
အောင်မြင်တဲ့ consultant/business executive တစ်ယောက်ဆိုတာ
အတန်းထဲမှာ Grade A+ ရတဲ့သူကို မဆိုလိုဘူး...တဲ့
တကယ့်အလုပ်မှာ Report တွေ အများကြီးရေး...၊ ပိုက်ဆံတွေ ရှာနိုင်တဲ့သူ ၊ အဲ့ဒီ ကနေ income ကောင်းတဲ့သူ ကို ခေါ်တာ... တဲ့...
အတန်းထဲမှာ Grade ဘယ်လောက်ကောင်းနေပါစေ...၊ တကယ့် လက်တွေ့ အလုပ်ခွင်ရောက်လို့
ပိုက်ဆံမရဘူး...မရှာနိုင်ဘူး ဆို အလကားပဲ... တဲ့...
ဒါကြောင့် ဆရာက အားလုံးကို များများတွေး ၊ အထူးသဖြင့် အခု သင်ရတဲ့ Strategic IS Planning module
နဲ့ ပတ်သက်လို့ များများ တွေး... creative idea/ plan များများ ထွက်စေချင်တာလေ.....
.......
ပြောရင်းနဲ့ တကယ်ရေးမယ့် အကြောင်းအရာပျောက်တော့မယ်... :D
ဒီလိုပါ...
ဆရာက ပြောတယ်...
တစ်ခါက Standford Business School မှာ ...တဲ့... ၁၉၅၀-၁၉၆၀ လောက်ကပေါ့...
( MBA အတန်းဖြစ်မယ်ထင်တယ်.... MBA လား MSc(Info: Systems) လားသေချာမသိဘူး...)
ဆရာတစ်ယောက်က ကျောင်းသားတွေကို exam မှာ မေးတယ် ... ကိုယ့်ရဲ့ Business အကြောင်းပေါ့လေ...
ဖြစ်လာနိုင်တဲ့ ... invest လုပ်မယ့် idea/ facts တွေ .. ဖြေခိုင်းတယ်... နောင် ဖြစ်လာနိုင်တဲ့ business အကြောင်းပေါ့... popular ဖြစ်လာနိုင်တဲ့ ....ကျယ်ပြန့်လာနိုင်တဲ့လုပ်ငန်းပေါ့လေ...
(ဟီး.. ဆရာပြောတာကို သေချာမမှတ်မိတော့ဘူး..exam လား၊ assignment လား သေချာမသိတော့ဘူး.. လိုရင်း main idea ပဲ သိတော့လို့... ကွဲလွဲချက်တွေရှိ ရင် ဒီစာရေးသူရဲ့ အပြစ်ပါ လို့...)

အဲ.. အဲဒါ ကျောင်းသားတစ်ယောက်က Shoes တွေ လုပ်ငန်း ထွန်းကားလာနိုင်တယ်...
Shoes တွေကို ဘောလုံးကန်ဖို့အတွက် shoes , Tennis/ကြက်တောင်ရိုက်ဖို့အတွက် shoes , လမ်းလျှောက်ရင် ၀တ်ဖို့ shoes, ပြေးရင်(အပြေးပြိုင်ရင်) စီးဖို့ အတွက် shoes, ... စသဖြင့်ပေါ့လေ...
အဲလိုတွေ ဖြစ်လာနိုင်တယ်... ဒါကြောင့် Shoes Business လုပ်သင့်ပါတယ်... လို့ ဖြေလိုက်သတဲ့.....
အဲဒါ စစ်တဲ့ဆရာက ... မဖြစ်နိုင်ဘူး... ဖိနပ်ဆိုတာ တစ်ရံ ရှိရင် ရပြီပေါ့... လူတွေက ဖိနပ်ကို ဒါလောက် care မလုပ်ပါဘူး... ဆိုပြီး တွေးသတဲ့...
(အဲဒီအချိန်တုန်းက (1950 ၀န်းကျင်လောက်ကလည်း ) ဖိနပ်တွေက အခုခေတ်လို ခေတ်မှ မစားသေးပဲကိုး...တဲ့.. ငယ်တို့ဆရာပြောပြတာပါ...)

ဒါနဲ့ ဆရာ က အဲ့ဒီ အဖြေ (assignment/ answer) ကို Grade 'D' ပဲ ပေးလိုက်သတဲ့.. (သနားပါတယ်နော်..)

ဒီလိုနဲ့ပဲ .. အဲဒီကျောင်းသားလည်း ကျောင်းပြီးသွားသတဲ့...
သူက ကျောင်းပြီးတော့ သူ့ ရေးတဲ့အတိုင်း သူ့စီးပွားရေးကို Shoes Business ကို လုပ်ကိုင်ပါသတဲ့...
ပထမဆုံး ဘောလုံးကန်ဖိနပ်တွေ စပြီး ထုတ်တယ် ...
ဆိုင်တွေကို လိုက်ဖြန့်တယ်...
နောက် ..အတော် အိုကေလာတော့ ဆိုင်ခွဲတွေ ဖွင့်ဖို့လုပ်တယ်.....
နောက်တော့ အပြေးပြိုင်ရင် ၀တ်ဖို့ ဖိနပ်...၊ ကြက်တောင်ရိုက်တာအတွက် ဖိနပ်.....etc ...
တစ်မျိုးပြီး တစ်မျိုး ဆက်ထုတ်လုပ်ပါသတဲ့...
ဒီလိုနဲ့ပဲ အဲဒီကျောင်းသားရဲ့ shoes business ဟာ ကဘာတစ်ဝှမ်း အနှံ့နာမည်ကျော်ကြားလာပါသတဲ့.....
အဲဒီသူက အောင်မြင်တဲ့ businessman ဖြစ်သွားတယ်ပေါ့လေ...
[ Hey, Guess!.. what brand can it be??? :) ]

ဒါနဲ့ နောက်ပိုင်း သူအောင်မြင်လာပြီးတဲ့နောက်ပိုင်းမှာ Standford Business School (သူတက်ခဲ့တဲ့ကျောင်း) မှာ နှစ်စဉ် Guest Talk/Lecture အဖိတ်ခံရပြီး လာ ဟောပြောလေ့ရှိပါတယ် ...တဲ့လေ.....
အဲ... အဲဒီသူ ...၊ Grade D ပဲ ရတယ် ဆိုတဲ့ကျောင်းသားက တော့ NIKE ဖိနပ်တွေကို စတင်ထုတ်လုပ်သူ NIKE ရဲ့ founder /(president) ပဲ ဖြစ်ပါသတဲ့....
NIKE brand ဆိုတာ အခု worldwide famous ပဲလေ...

ငယ်တို့ ဆရာပြောပြတဲ့ ဇာတ်လမ်းက ဒီမှာဆုံးပါတယ်...
ဒါကြောင့် ဆရာက နောက်ဆုံးမှာ ဒီလို အဆုံးသတ်ပါတယ်...
"ဒါကြောင့် မင်းတို့လည်း ဆရာ စာမေးပွဲမှာ Grade ပေးမိတာ မှားလို့ အဲ့ဒီကျောင်းသားလိုမျိုး Grade မကောင်းခဲ့ရင် လည်း ... ငါတို့ကျောင်း (ဒီ NUS) မှာ Guest Lecture/Talk တွေ နောင်တစ်ချိန်မှာ talkပြန်လာပေးနိုင်သူဖြစ်အောင် ကြိုးစားကြပါ..."... တဲ့...

ဆရာပြောပြတဲ့ အဲ့ဒီ nike founder အကြောင်း ကြားလိုက်ရတာ အရမ်းအားတက်သွားတယ်...
ကိုယ့် Grade က A+ သာ မရတာ... အဲလို ကြီး မဆိုးသေးဘူးလေ... သာမန်ပလပ်စ်( သင့်+)လောက်တော့ ရ ရနေသေးတယ်...
ငါရော အဲလို အောင်မြင်တဲ့သူ ဘာလို့ မဖြစ်နိုင်ရမှာလဲ...
ငါလည်း အများကြီးကြိုးစားရမယ်...
တစ်ဆင့်ပြီးတစ်ဆင့်ပေါ့... bla bla bla... အတွေးတွေ ၊ စိတ်ကူးတွေ အများကြီးရလိုက်ပါတယ်...

အဲဒီနေ့ က ပြောပြတဲ့ ဒီအကြောင်းအရာလေးအတွက် Professor Bernard Tan ကို အထူးကျေးဇူးတင် မိပါတယ်...
ဆရာ့ကို လည်း ဒီနေရာကနေ၊ ဒီပို့စ်လေးတစ်ခုနဲ့ ရိုသေစွာ ဂါရ၀ပြုလိုက်ရပါကြောင်း...။ ။


Sunday, November 4, 2007

DO YOU FEAR THE WIND?

DO YOU FEAR THE WIND?
HAMLIN GARLAND

Do you fear the force of the wind,
The slash of the rain?
Go force them and fight them,
Be savage again.

Go hungry and cold like the wolf,
Go wade like the crane:

The palms of your hands will thicken,
The skin of your cheek will tan,
You'll go ragged and weary and swarthy,
But you will walk like a man.


မကြောက်မရွံ့ နောက်မတွန့်
မင်းကြော့ရှိန်

လေအဟုတ်ကို သင်ဖြုံလေသလား ၊
မိုးအညှိုးကို သင်စိုးရွံ့သလား ၊
ရဲရင့်စွာ ရင်ဆိုင်ရွေ့ (ရွေ့<< စာလုံးပေါင်း မရိုက်တတ်လို့ပြင်ဖတ်ပေးကြပါ..)
ယှဉ်ပြိုင်ကာ အန်တု
မမှုပါနဲ့လား။ ။

ဝံပုလွေသတ်တ၀ါ သွေးအေးစွာ အစာရှာလျက်
ကြိုးကြာငှက် ရေမကြောက်။
သင့်လက်ဖ၀ါး အမာရွတ်ထင်
သင့်ပါးပြင်နေလောင်ညိုရွေ့
ခန်ဓာကိုယ် နွမ်းကာရိသော်လည်း
စွမ်းအားရှိ နောက်မတွန့်
ရဲဝံ့တဲ့ လူတစ်ယောက်။ ။

(န၀ဒေး magazine - April ---- မှ )

SMART

Specific - တိကျရမယ်

Measurable - လုပ်ငန်းအောင်မြင်မှုကို တိုင်းတာနိုင်ရမယ်

Attainable - အောင်မြင်မှုရနိုင်တဲ့ အနေအထားရှိရမယ်

Realistic - သဘာဝကျနေရမယ်

Time-bound - အချိန်သတ်မှတ်မှုရှိရမယ်

အညှာ

အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ...
ကဗျာကောင်းလေးတွေဆိုရင် ကူးယူစုဆောင်းတတ်တဲ့ ၀ါသနာကြောင့်
Notes-book ထဲမှာ အမြဲ ကူးကူးရေးထားဖြစ်ခဲ့ပါတယ်...
အခု သတိရတာနဲ့ ဒီ ဘလော့ဂ် ပေါ်မှာ ရော
ငယ့်လိုပဲ ကဗျာ နှစ်သက်သူများ
ခံစားနိုင်အောင်လို့ ပြန် share ရင်း
ပြန် Save လိုက်ပါတယ်...။
အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်..... :)
အညှာ

အသီးတစ်ရာနဲ့

အညှာလှနေတဲ့

ဆရာဘ၀ပါကွယ်။


သီးကင်းတွေ
ကြီးပြင်းကာ ပနံရဖို့
အာဟာရ ဖြည့်စွမ်းမယ်။

ဝင်းဖန့်ဖန့်
ဆင်းအလှနဲ့
သင်းပျံ့တဲ့ရနံ့တွေကြွယ်
အလှဝေတယ် ရှုမဆုံး။

အညှာပြတ်စေတော့
ဘွာခတ်ကာ ဘယ်မငြင်းပါဘု
လေပြင်းတွေ ဘယ်လိုမွှေလို့
လေပွေတွေ ဘယ်ပုံကြမ်းသော်လည်း
သည်စခန်း သည်ပင်အိုမှာ
သည်သီးပျို အညှာဘ၀နဲ့
(ကွယ်...)
ဘ၀တစ်သက်လုံး ။ ။

( အ.ထ.က ရင်းငြိမ် သို့ အမှတ်တရ )

နေနိုင်(ပင်လယ်ပြာ)

(ပညာတန်ဆောင် - ၂၀၀၂ ၊ အောက်တိုဘာလ ထုတ် - မှ)

Best Friends are FOREVER

Best Friends are FOREVER

Best friends always remember so well
All the things that they did together.
All the subjects they discussed
All the mistakes they made
All the fun they had.

Best friends always remember
How their friendship was such a stabilising force
During confusing times of their lives.

Best friends may have different lifestyles
Live in different places
And interact with different people
But no matter how much their lives may change
Their friendship remains the same
I know that throughout my life wherever I am
I will always remember so well
And cherish our friendship
As one of the best I have ever known.

Your friendship is a treasure
That will always help me overcome
Any kind of difficulty
Your friendship is a comfort
For somehow, you always understand
My worries and emotions.

Your friendship is a blessing
Because you have a way of
Always bringing out the very best in me
Your friendship is forever and I thank you
For this friendship is the greatest gift
That anyone could give.

(TOP English magazine - August, 2002 - Page 61 မှ )

Poetry of Emily Dickinson

919
If I can stop one Heart from breaking
I shall not live in vain
If I can ease one life the Aching
Or cool one Pain.

Or help one fainting Robin
Unto his nest again,
I shall not live in vain.

နှလုံးသားတစ်ခု ကွဲကြေနေတာကို
ကျွန်ုပ် ရပ်တန့်စေနိုင်လျှင်
ကျွန်ုပ် အသက်ရှင်နေရတာ အချည်းနှီးမဖြစ်ပါ...။

နာကျင်နေသော ဘ၀တစ်ခုကို
ဝေဒနာလျော့ပါးသွားအောင်
ကျွန်ုပ်စွမ်းဆောင်နိုင်လျှင်
သတိမေ့မြောနေသော သပိတ်လွယ်ငှက်ကလေးတစ်ကောင်ကို
သူ့အသိုက်ထံသို့
ကျွန်ုပ် ပြန်ပို့ပေးနိုင်လျှင်
ကျွန်ုပ်အသက်ရှင်နေရတာ အချည်းနှီး မဖြစ်ပါချေ...။ ။

ငယ်ငယ်(NUS)

Saturday, November 3, 2007

NUS scenes (-2-)






Scenes from Central Library Upstairs, NUS (-1-)






31st October ညနေက ခေါင်းကိုက်ကိုက်...၊ ချမ်းက ချမ်းနဲ့...ဖျားနေတာမို့ Library ကခဏထွက်ပြီး နောက်ဖက် ကView ကို ဖုန်းနဲ့ လျှောက်ရိုက်ထားတာ...
ကျောင်းကြီးက အရမ်းစိမ်းစိုပြီး တစ်ချို့နေရာတော်တော်များများဆို မြန်မာပြည်က နယ်ဘက် နေရာတွေနဲ့ အတော်တူတယ်.....